---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, March 4, 2011

အရှင့်ဥယာဉ်


အခါတစ်ပါး၌
အလွန်သာယာလှပသော
ပန်းဥယာဉ်သည် ကမ်းတစ်ဘက်
တောင်ပြာတန်းပေါ်တွင် တည်ရှိ၏။

ထိုအခါဝယ် ကျွန်ုပ်တွင်
ဆန္ဒဟူသော လှေတစ်စင်းရှိ၏။

သို့သော် တက်မ မရှိ။

ဇွဲကိုအရင်းခံ၍
တက်မ တစ်စုံကို ဖန်တီး၏။

ထိုဆန္ဒလှေအား
ခန္တီပင်လယ်၌ လှော်ခတ်၍
ဥယာဉ်သို့ ရောက်သော်
လှရောင်စုံ ပန်းမာလာတို့ကို
ပွေ့ပိုက်ရှူရှိုက်၏။

သို့သော် ရနံ့ မရှိ။

ပထဝီပေါ်၌ ရှိသမျှသော
ဥယာဉ်တို့သည်.....

စမ်းရည်ချောင်း၊ နို့ရည်ချောင်း၊
ပျားရည်ချောင်းများနှင့်
တသွင်သွင် စီးဆင်းလျက်ရှိသော
အရှင့်ဥယာဉ်လောက်
အဘယ်သာ အေးမြသာယာ၍
ပြည့်စုံပါအံ့နည်း .....။

ချီးမွမ်းထောပနာခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်။

ကုရ်အာန် ၀၄၇း ၁၅။ မွတ္တကီ သူတော်စင်များ ကတိပေးခြင်းကို ခံကြရသော ဂျန္နတ် သုခဘုံ၏အခြေအနေမှာ(ဤသို့ ဖြစ်၏။) ယင်း ဂျန္နတ် သုခဘုံ၌ အနံ့အရသာ မပျက်သော ရေချောင်းများသည်လည်းကောင်း၊ အရသာ ပြောင်းလဲသွားခြင်းမရှိသော နို့ချောင်းများသည် လည်းကောင်း၊ သောက်သုံးသူတို့အဖို့ အထူးအနံ့ အရသာကောင်းသော ချောင်းများသည်လည်းကောင်း၊ ကြည်လင်သန့်ရှင်းစင်ကြယ်သော ပျားရည်ချောင်းများသည်လည်းကောင်း၊ ရှိကြပေမည်။ ထိုမှတပါး ၎င်းတို့အဖို့ ယင်း“ဂျန္နတ်”သုခဘုံ၌ သစ်သီးဝလံမျိုးစုံတို့သည်လည်း ရှိပေမည်။ ထိုမှတပါး ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်သည်လည်း ရှိပေမည်။

ကုရ်အာန် ၀၄၇း ၁၉။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အလ္လာဟ်အရှင်မြတ်မှတပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိကြောင်း ကောင်းစွာသိရှိ ယုံကြည်ထားပါလေ။ ထို့ပြင် အသင်သည် မိမိ၏ ချို့တဲ့မှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူ ယောက်ျား၊ မိန်းမတို့အဖို့လည်းကောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားအသနားခံပါလေ။ အမှန် စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (အားလုံးတို့)၏လှည့်လည်သွားလာမှုကိုလည်းကောင်း၊ အသင်တို့၏ ခိုလှုံရာကိုလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူပေသတည်း။

No comments: