---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Thursday, March 10, 2011

အစ္စလာမ်သာသနာနှင့် '' ဝိုင် '' သောက်ခြင်းအကြောင်းသိကောင်းစရာ

ကျမ်းမြတ်ကုရ်အာန်၌ တားမြစ်ထားခြင်း

(ကုရ်အာန် ၅:၉၀) အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာ အရက်သည်၎င်း၊ လောင်းတမ်းကစားခြင်းသည်၎င်း၊ ရုတ်ထု၊ ဆင်းထု အစရှိသည့် အရာများသည်၎င်း၊ မြှား (ဖြင့်ကံစမ်းခြင်း) သည်၎င်းအလွန်ဆိုးရွား ညှစ်ညမ်းလှသော အမှူကိစ္စများ ရှိုင်တွာန် အပြုအမူများသာ ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို ဆိုးရွားညှစ်ညမ်းလှသော အရာကိုရှောင်ကြည်ကြကုန်လော့။ သို့မှသာလျှင်အသင်တို့အောင်မြင်ကြပေမည်။

ဘိုင်ဘယ်များ၌လည်း ဝိုင် သောက်ခြင်းကိုတားမြစ်ထားသည်

(A) “Wine is a mocker, strong drink is raging; and whosoever is deceived thereby is not wise.” [Proverbs 20:1]

(B) “And be not drunk with wine.” [Ephesians 5:18]

ဗုဒ္ဓဘာသာ ငါးပါးသီလထဲမှာလည်း အရက်ကိုရှောင်ကြည်ခိုင်းသည်

ငါးပါးသီလ
*ပါဏာတိပါတာ - သူ့အသက် သတ်ခြင်းမှ ရှောင်ကြည်ရန်
*အဒိန္နာဒါနာ - သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ရန်
*ကာမေသုမိစ္ဆာစာရာ - သူတစ်ပါး သားမယား ပြစ်မှားခြင်းမှ ရှောင်ကြဉ်ရန်
*မုသာဝါဒါ - လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ရန်
*သုရာ မေရိယ - သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ရန်

သူရာမေရိယ - သေရည်သေရက် သောက်စားခြင်း ( ကာယဒုစရိုက်၊ ၀ဇီဒုစရိုက်၊ မနောဒုစရိုက်ထဲမှာလည်း မပါဝင်) ကံ ကို ငါးပါးသီလထဲမှာ အဘယ်ကြောင့်ထည့်ထားရနည်းဆိုလျှင် “ ကာယကံ နဲ့ ၀ဇီကံ ဆိုင်ရာ အရေးအကြီးဆုံး (၄) ချက် ကို မည်သို့ပင် လိုက်နာရန်စိတ်ကူးရှိရှိ သေရည်သေရက် သောက်မိလျှင် ကာယကံ နှင့် ၀ဇီကံ နှစ်မျိုး စလုံးကို ထိန်းမရအောင် ချိုးဖောက်ရန်လွယ်ကူလွန်း၍ ကာယကံ နှင့် ၀ဇီကံ ဆိုင်ရာ အရေးအကြီးဆုံး (၄) ချက်၏ နောက်က အချုပ် အနေနှင့် သေရည်သေရက် ရှောင်ကြဉ်ရန် အချက် တစ်ချက်ဖြစ်သည်။

ဝိုင်သောက် သောသူနှင့်စားပွဲ တစ်ပွဲတည်းမထိုင်ရန်

(ကုရ်အာန် : ၀၄ အယ်နီစာ) အလ္လာဟ်အရှင်မြတ်၏လက္ခဏာတော်များကို ငြင်းပယ်ကြသည်ကို လည်းကောင်း၊ ပြက်ရယ်ပြောင်လှောင်ကြသည်ကိုလည်းကောင်း၊ ကြားကြရပါလျှင်၊ ယင်း (ငြင်းပယ်ပြောင်လှာင်သော) သူတို့သည် ထိုစကားကိုစွန့်၍ အခြားစကားများတွင် အာရုံမစူးစိုက်သမျှ ကာလပတ်လုံး အသင်တို့သည်၎င်းတို့နှင့်အတူ မထိုင်ကြကုန်အံ့။ သို့ထိုင်ကြပါလျှင် အသင်တို့သည်လည်း ထိုသူတို့ကဲ့သို့ပင် (အပြစ်ရှိသူများ) ဖြစ်သွားကြကုန်အံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် သည်’မုနာဖစ်က်’ အယောင်ဆောင် မုစ်လင်မ်တို့နှင့် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့ အားလုံးကို ‘ဂျဟန္နမ်’ငရဲဘုံတွင် စုပေါင်းတော်မူမည့် အရှင်ဖြစ်တော်မူပေသတည်း။

တနည်း။ မည်သည့်အခါမဆို (ကာဖိရ်)တို့က အရှင်မြတ်၏ မုက္ခပါဋ္ဌ်တော်ကို ငြင်းပယ်ကြသည်ကို၎င်း၊ ပြောင်လှောင်ကြသည်ကို၎င်း၊(သင်တို့)တွေ့မြင်ကြားသိရလျှင် ထိုသူတို့သည် ယင်းစကားအပြင်အခြား စကားဘက်သို့ အာရုံမပြောင်းကြသမျှကာလပတ်လုံး အသင်တို့သည် ၎င်းတို့နှင့်အတူ ထိုင်မနေကြကုန်လင့်။ (သင်တို့သည် အကယ်၍သာ) ထိုသူတို့နှင့်အတူ ထိုင်နေကြပါလျှင် အသင်တို့သည်လည်း ထိုသူတို့ကဲ့သို့ပင် ဖြစ်သွားကြကုန်လတ္တံ့။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်တွင် သင်တို့အား မိန့်ဆိုထုတ်ပြန်ချမှတ်တော်မူထား၏ ။ ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် (မုနာဖစ်က်)တို့နှင့် ကာဖိရ်တို့ကို ဂျဟန္နမ်တွင်စုပေါင်းထားတော်မူမည့်အရှင် ဖြစ်တော်မူ၏။

တမန်တော်မြတ်မိန့်ဆိုခဲ့သည်

မည်သူမဆို အလ္လာဟ်အရှင်မြတ် နှင့် နောက်ဆုံးနေ့ကိုယုံကြည်ပါက ဝိုင် သောက်သုံးနေသော စားပွဲ၌ အတူမထိုင်ကြလေနှင့်။ (Narrated by al-Tirmidhi, al-Adab, 2725; classed as hasan by al-Albaani in Saheeh Sunan al-Tirmidhi, 2246).

Not only those who drink are cursed but also those who deal with them directly or indirectly are cursed by Allah. According to Sunan Ibn-I-Majah Volume 3, Book of Intoxicants, Chapter 30 Hadith No. 3380.

်Narrated Abdullah ibn Umar: The Prophet (peace_be_upon_him) said: Allah has cursed wine, its drinker, its server, its seller, its buyer, its presser, the one for whom it is pressed, the one who conveys it, and the one to whom it is conveyed.

Narrated An-Nu'man ibn Bashir: I heard the Apostle of Allah (peace_be_upon_him) say: Wine is made from grape-syrup, raisins, dried dates, wheat, barley, millet, and I forbid you from every intoxicant (သေရည်သေရက် - ရစ်မူးစေသော).

အမေး - အဖြေ

မေး : ခရစ်ယာန်နှင့် ဂျူး လူမျိုးတို့တွင် ဝိုင် သောက်ခြင်းကိုခွင့်ပြုထားသည်။ အဘယ်ကြောင့် အစ္စလာမ်၌ ဝိုင်သောက်ခြင်းကို ဟရမ် ဟုသတ်မှတ်ထားပါသနည်း။

အဖြေ : ဖန်ဆင်းရှင်အားယုံကြည်သော ဘာသာတိုင်းသည် ဝိုင် သောက်ခြင်းကို တားမြစ်ထားသည်။ ခရစ်ယာန် Old Testament ထဲတွင်လည်း ဝိုင် သောက်ခြင်းကိုတားမြစ်ထားပါသည်။

(ကုရ်အာန် ၅:၉၀) အထက်၌ဖော်ပြပြီးဖြစ်သည်။

(ကုရ်အာန် ၅:၉၁) ဤမှတစ်ပါး အခြားမဟုတ်၊ ရှိုင်တွာန်မိစ္ဆာကောင်သည် သေရည်သေရက်ဖြင့်လည်းကောင်း၊ အလောင်းအစားဖြင့်လည်းကောင်း၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု၊ မုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ရှိုင်တွာန်သည်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသသတိရခြင်းမှလည်းကောင်း၊ ဆွလာတ်ဝတ်ပြု ခြင်းမှလည်းကောင်း၊ ပိတ်ပင်တား ဆီးလို၏။သို့ဖြစ်ပေရာ အသင်တို့သည် ရပ်တံ့ကြမည်သူများဖြစ်ကြသလော။

အနောက်တိုင်းမှ ပညာရှင်များ၊ ဆရာဝန်များ၊ သိပ္ပံပညာရှင်များသည် လူ့အသိုင်းအဝိုင်းအတွင်း ဝိုင် သောက်သုံးခြင်းကို ခွင့်ပြုပေးထားကြသည်တို့ကို ဆန့်ကျင့်လျက်ရှိကြသည်။

ဒီကနေ့ ဝိုင်ကို သစ်သီးဖျော်ရည်ဟု အလွယ်တကူမှတ်ယူ၍လည်းကောင်း၊ ခေတ်မှီလို၍လည်းကောင်း၊ ဘာသာခြားနှင့် စီးပွါးရေး၊ လူမှုရေးအရ ဆက်ဆံရာ၌လည်းကောင်း ဝိုင် ကိုသောက်သုံးကြသူများရှိနေကြပါသည်။ အထက်ပါ ကျမ်းမြတ်ကုရ်အာန်အာယာ့သ်တော်များနှင့် ဟာဒီးစ်တော်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် မြတ်နဗီ တမန်တော်၏ ဩဝါဒတော်များကို (နာခံလိုသူတို့အတွက်) လိုက်နာကျင့်သုံးနိုင်ရန်၊ မိမိတို့၏ အီမန်ကိုပိုခိုင်မြဲစေရန် အထောက်အကူပေးနိုင်ပေလိမ့်မည်။

** လူတိုင်းတွင် မိမိတို့၏ အသိညာဏ်ကို အလ္လာဟ့်သိစိတ်နှင့် သန့်စင်ဖွံ့ဖြိုးစေပြီး၊ မိမိတို့၏ ခံစားမှုများကို အလ္လာဟ့်ချစ်စိတ်နှင့် သန့်စင်ဖွံ့ဖြိုးရန် ကြိုးပမ်းကြရ ပေမည်။ **

ဟရမ်ကိုရှောင်ကြည်၊ ဖြတ်တောက်နိုင်ခဲ့သူများကို ချီးကျူးလျက်...။

အပြည့်အစုံ ဖတ်ရှူရန် http://islamicislamic.com/halal_&_haram.htm

မေတ္တာစေတနာဖြင့် တင်ဆက်သည်။

No comments: