
ထိုနောက် ထိုအသျှင်မြတ်သည် မိုးကောင်းကင်ဘက်သို့လှဲ့တော်မူခဲ့သည်။ ထိုအချိန်တွင် မိုးကောင်းကင်သည် အခိုးအငွေ့သာ ဖြစ်ရှိနေခဲ့လေသည်။ ထိုအသျှင်မြတ်သည် နှစ်ရက်နှင့် မိုးကောင်းကင်ခုနစ်ထပ်ကို ဖန်ဆင်းတော် မူသည်။ မိုးကောင်းကင်တိုင်း၌ သက်ဆိုင်ရာ အမိန့်တော်များကိုလည်း ထုတ်ပြန်တော်မူခဲ့သည်။
ထို့ပြင်တဝဤ ကမ္ဘာမြေကြီး၏အနီးစပ်ဆုံးဖြစ်သော မိုးကောင်းကင်ကို ကြယ်၊ နက္ခတ်တို့ဖြင့်လှပတင့်တယ် ရှူချင်စဖွယ် တန်ဆာဆင်ယင်ထားတော်မူသည်။ ကျွန်ုပ်တို့တွေ့မြင်နေကြရသော မိုး၊ မြေနှင့်တကွကမ္ဘာ့တန်ဆာပလာများမှာ အလ္လာအသျှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများသာလျှင်ဖြစ်သည်။ အလ္လာဟ်အသျှင်မြတ်သည် မိုး၊ မြေနှင့်တကွစကြဝဠာအဝန်းကို ဖန်ဆင်းတော်မူသော ပြုစုပျိုးထောင်ပေးတော်မူသော စီမံကွပ်ကွဲတော်မူသော၊ စိုးပိုင်တော်မူသော တစ်ဆူတည်းသောအသျှင်သခင်ဖြစ်တော်မူသည်။
အပြည့်အစုံဖတ်ရန် http://islam-yaungche.blogspot.com/search/label/Creation
No comments:
Post a Comment