---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Sunday, May 20, 2012

အစ္စလာမ်သာသနာမှာ အိမ်တွင်းပုန်းဝါဒမရှိ

ဘာသာခြားတွေက သူတို့ဘာသာနဲ့ လူမျိုးဘဲအကောင်းကြီးမှတ်ပြီး မွတ်စလင်မ်ကို အမျိုးမျိုးပြောဆို ထိုးနှက်လျှက်ရှိကြပါတယ်။ မွတ်စလင်မ်အမျိုးသားဆိုလည်း တစ်မျိုး၊ မွတ်စလင်မ် အမျိုးသ္မီးဆိုလည်းတစ်ဖုံ လူလူချင်းစာနာမှုမရှိ ချင့်ချိန်မှုမရှိ လျှာမှာအရိုးမရှိတိုင်း ပြစ်တင်ပြောချင်ရာပြောနေကြတယ်။ မွတ်စလင်မ်အမျိုးသ္မီးတွေကို အိမ်တွင်းပုန်းမတွေလို့ ရမ်းကားပြောတဲ့ဘာသာခြားတွေနဲ့ အိမ်နီးချင်းနိုင်ငံက ရှေ့ဟောင်း ဓလေ့ထုံးတမ်း အစဉ်အလာကို ဆက်လက်ထိန်းသိမ်း ကျင့်သုံးလိုသူများနားလည်စေရန် လင်းပြဖို့တော့လိုပါတယ်။
.
အစ္စလာမ်သာသနာမှာ တမန်တော်မြတ်၏ ကြင်ယာတော်များမှာ အခြားအမျိုးသ္မီးများနှင့်မတူအလ္လာဟ်အရှင်မြတ်၏ အချစ်တော်တမန်တော်မြတ်နှင့် ထိမ်းမြားထားသောကြောင့်မြင့်မြတ်သော အမျိုးသ္မီးများ ဖြစ်ကြပြီး သူမတို့အကျင့်သီလကောင်းမွန်စေရန် အလ္လာဟ်အရှင်မြတ်မှအထူးတလည် သွန်သင်ဆုံးမပေးထားခြင်းဖြစ်ပါတယ်။ သူမတို့၏ကောင်းမှုအပေါ်၌လည်း နှစ်ဆ ကောင်းကြီးမင်္ဂလာပေးထားပါတယ်။.ထို့ကြောင့် သာမန်အမျိုးသ္မီးများနှင့် စံပြ မိန်းမမြတ်တို့ကို ခွဲခြားနားလည်ရန် လိုအပ်ပါတယ်။
.
ကျမ်းမြတ်ကုရ်အာန်

(39:4). Because their status is so high, it is appropriate to state that the sin, if they were to commit it, would be so much worse, so as to protect them and their Hijab.
-
(32. O wives of the Prophet! You are not like any other women. If you keep you have Taqwa, then be not soft in speech, lest he in whose heart is a disease should be moved with desire, but speak in an honorable manner.)

-
(33. And stay in your houses, and do not Tabarruj yourselves like the Tabarruj of the times of ignorance, and perform the Salah, and give Zakah and obey Allah and His Messenger. Allah wishes only to remove the Ar-Rijs from you, O members of the family, and to purify you with a thorough purification.)

-
(34. And remember, that which is recited in your houses of the Ayat of Allah and Al-Hikmah. Verily, Allah is Ever Most Courteous, Well-Acquainted with all things.)-(We shall give her, her reward twice over, and We have prepared for her a noble provision.) i.e., in Paradise, for they will be in the dwellings of the Messenger of Allah in the highest reaches of `Illiyin, above the dwellings of all the people, in Al-Wasilah which is the closest of the dwellings of Paradise to the Throne)..The Wives of the Prophet are not like Other WomenThis Ayah is addressed to only to them, and not to other women, in the event that any of them should commit open Fahishah.
Ref : http://www.theholybook.org/content/view/8292/2/-
.
အစ္စလာမ်သမိုင်းကိုကြည့်ရင် မိန်းမမြတ်တွေအများကြီးကို ရှိကြပါတယ်။
၁။ မြတ်နဗီတမန်တော် မူဟာမတ် (ဆွ) ရဲ့ ကြင်ယာတော် ခဒီဂျာ (ရ)
၂။ ကြင်ယာတော် အာအေရှာ (ရ)
၃။ အီစာ (အ) ၏မိခင် မေရီယမ်သခင်မ
၎။ ဖီရ်အောင်ဘုရင်၏မိဖုရား အာဆီယာသခင်မ
၅။ မာမာဟာဝါ (အ) တို့ဖြစ်ပါတယ်။
.
-ခဒီဂျာ (ရ) သခင်မသက်ရှိနေစဉ်က အမျိုးသားများနဲ့တန်းတူ အိမ်နီးချင်းနိုင်ငံများသို့ကုန်ကူး ခဲ့ပါတယ်။
.
-အာအီရှာသခင်မမှာလည်း တမန်တော်မြတ်ကွယ်လွန်ပြီးနောက် သောင်းနဲ့ချီရှိသော စစ်ဗိုလ်ပါတတ်သားများကို သူမကိုယ်တိုင်ဦးဆောင်ခဲ့ရပါတယ်။
.
-မေရီယမ်သခင်မမှာလည်း သားငယ်ကိုပိုက်ပြီးခရီးဝေးတွေသွားခဲ့ရပါတယ်။
.
-မာမာဟာဝါ (အ) ကိုယ်တိုင် ဘာဘာအာဒမ်နဲ့တွေ့ဖို့ နှစ်ပေါင်းများစွာအရပ်ရပ်ကိုသွားပြီး ရှာဖွေခဲ့ရပါတယ်။.ဘာသာခြားတွေပြောဆိုသလို မွတ်စလင်မ်အမျိုးသ္မီးတွေ အိမ်တွင်းပုန်းဆိုရင် အထက်ကစံပြ သာသနာရဲ့ မိန်းမမြတ်တွေမှာ ဘယ်လိုလို့ လွတ်လပ်စွာသွားလာနိုင်ခဲ့ပါ့မလဲ။ ဒါကြောင့် အိမ်တွင်းပုန်းဆိုတာ မမှန်ကန်ကြောင်း သက်သေပြနေပါတယ်။
-
အိမ်တွင်းပုန်းဝါဒဟာ အစ္စလာမ်ကမဟုတ်ဘဲ သေချာလေ့လာကြည့်လိုက်ရင် အိမ်နီးချင်းနိုင်ငံတို့က ဓလေ့ထုံးတန်းအစဉ်လာတို့သာဖြစ်တယ်။ အဲဒီဓလေ့ထုံးတမ်းကို မြန်မာဘာသာခြားတွေ ကိုယ်တိုင် အတိတ်သမိုင်းမှာကျင့်သုံးခဲ့ပါတယ်။သူတို့နိုင်ငံတွေရဲ့ ခေတ် တစ်ခေတ် လုံခြုံရေး အခြေအနေတွေကြောင့် အိမ်တွင်းပုန်း စနစ်ကိုကျင့်သုံးခဲ့ကြတယ်။ စားကောင်းသောက်ဖွယ်တွေစားပြီး လိုလေသေးမရှိပေးကမ်းစွန့်ကြဲတော်မူတဲ့ ကျေးဇူးရှင်ကို ရှကူရ်လုပ်ကာ ကျေးဇူးသိတတ်ရမယ့်အစား ရလာသောအဟာရ ခွန်အားဖြင့် အဓ္ဓမပြုကျင့်မှု၊ ကာမကျူးလွန်စွာလိုက်စားမှုများဖြစ်ပွါးခဲ့ပါတယ်။ အဲဒီကတစ်ဆင့် ဇီနာ နဲ့ပတ်သက်တဲ့ပန်းချီ၊ စာအုပ်များ ထုတ်ဝေဖြန့်ချီခဲ့ကြတယ်။ ဖန်ဆင်းရှင်ကို ဦးချရမယ့်အစား လူ၊ သတ္တဝါ၊ နတ်ဝိညာဉ်တို့ကို ပူဇော်ကိုးကွယ်ကြလေတယ်။
-
၎င်းတို့ကိုယ်တွင်း တိရိစ္ဆာန်စရိုက်များကို မနှစ်သက်သော ၎င်းတို့ဘာသာတူမှသော်လည်းကောင်း၊ မွတ်ဆလင်မ်များမှသော်လည်းကောင်း သ္မီးအပျိုကညာများကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရန် လွတ်လပ်မှုအချို့ကို စည်း တားခဲ့ကြတယ်။ ထို့အပြင်အိမ်ထောင်ရှင်မများသိက္ခါအတွက် အသွားအလာ အနေအထိုင်တွေကို စည်းကမ်းချက်တွေသပ်မှတ်ခဲ့ကြတယ်။။-လူ့အသိုင်းအဝိုင်းမှာ လူမိစ္ဆာ၊ နတ်မိစ္ဆာ (ရှိုင်သွာန်) များရှိကြသဖြင့် လွတ်လပ်မှုကို လိုတာထက် ပိုသွားရင် မကောင်းမှု၏သားကောင်အဖြစ် အများဆုံးကျရောက်ကြသည်မှာ အမျိုးသ္မီးများသာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ထိတိုင် လူကုန်ကူးမှုလုပ်ငမ်းများစွာရှိနေကြတယ်။ ထို့အပြင် မူးရစ်ဆေးဝါး၊ အလောင်းကစား၊ မှောင်ခို အလုပ်တွေမှာ မိန်းကလေးကို ဓါးစာခံအဖြစ်၊ ငါးမျှားစာအဖြစ် အသုံးချနေကြတာ များစွာရှိကြပါတယ်။
-
နိုင်ငံတိုင်းမှာ အထူးသဖြင့် အေရှ၊ အာရပ်နှင့် အာဖရိကတို့မှာ အမျိုးသ္မီးကောင်းပီသရန် အသွား၊ အလာ၊ အနေ၊ အထိုင်၊ အပြောအဆို လိမ္မာရေးခြားရှိအောင် မိဘ - ဆရာ၊ ဆွေမျိုး၊ ခင်ပွန်းသည်တို့မှ သွန်သင်လမ်းပြထိန်းသိမ်းပေးကြပါတယ်။
-
အခုခေတ် ပညာရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဘာသာရေး အစစကျယ်ပြန့်နေတဲ့ခေတ်ကြီးမှာ လူ - လူချင်းစောင့်ရှောက်ကာကွယ်တဲ့ တရားဥပဒေတွေရှိကြပါတယ်။ လက်ရှိနေထိုင်တဲ့ မြို့နယ်အသိုင်းအဝိုင်း အခြေအနေအပေါ်မူတည်ပြီး မိမိတို့လွတ်လပ်ခွင့်ကို တိုင်းတာ ချင့်ချိန်ပြီးနေထိုင်လို့ရပါတယ်။ ခေတ်မှီတိုးတက်၊ လုံခြုံမှုရှိပြီး တရားဥပဒေစိုးမိုးမှုရှိတဲ့ အရပ်ဒေသမှာ ရှေ့လွန်လေပြီးသော ခေတ်က စည်းကမ်းသပ်မှတ် ချက်အတိုင်းဆက်လက်လိုက်နာနေထိုင်ပြီး လိုတာထက်ပိုပြီး တစ်ဦးချင်းရဲ့ လွတ်လပ်မှုကို ထိန်းချုပ်ထားရမယ်ဆိုရင်
.
အဲဒီအမျိုးသ္မီးတွေမှာ-
- ကိုယ့်ကိုယ်ကို ယုံကြည်မှုလျှော့နည်းလာမယ်။
- ကိုယ့်အရည်အချင်း ကိုယ်မသိဖြစ်မယ်။
- လူမှုဆက်ဆံရေးမှာ အားနည်းလာမယ်။
- သည်းခံနိုင်စွမ်းအားနည်းမယ်။
- ကြောက်ရွံ့ စိတ်လွယ်မယ်။
- စိတ်အလိုမကျ ဖြစ်နေတတ်တယ်။
- လူအကဲခပ် ညံ့မယ်။
- လူအလိမ်ခံရနှုန်း များမယ်။
- မွေးလာတဲ့မျိုးဆက်သစ်ကို ပညာရေးပံ့ပိုးမှု၊ ခေတ်နှင့်အညီ လမ်းပြသွန်သင်မှုအားနည်းမယ်။
.
မိမိကိုယ်ကိုသော်လည်းကောင်း တစ်ဦးတစ်ယောက်မှသော်လည်းကောင်း သတ်မှတ်ထားသော စည်းကမ်းချက်များ ဘာသာရေးနှင့်လည်း မဆန့်ကျင်၊ ဣနြေ္ဒိလည်းမပျက်၊ လူ့အသိုင်းအဝိုင်းနဲ့လည်းဝင်ဆန့်တယ်ဆိုရင် အဲဒီ စည်းကမ်းဟာအကျိုးရှိစေမယ့် စည်းကမ်းဖြစ်တယ်။ အရမ်းတင်းမာသွားရင် ကောင်းကျိုးထက် ဆိုးကျိုးပိုရနိုင်တယ်။ အထူးသဖြင့် လွတ်လပ်မှုနည်းပါးလှတဲ့ လူတွေမှာ စိတ်ကျဉ်းကျပ်မှု၊ စိတ်ဖိစီးမှုနဲ့စိတ်ကျဝေဒနာခံစားရတတ်တယ်။
-
လူ၊ သတ္တဝါတို့ရဲ့ သဘာဝမှာ တစ်ဖက်ကလျှော့ပေးလေ နောက်တစ်ဖက်က ရှေ့တိုးလေဖြစ်တယ်။ ဒေါင့်ကပ်သွားတဲ့အခါ အသေခံအရှုံးပေးလိုက်တာနဲ့ပေါက်ကွဲတွန်းလှန်တာ နှစ်မျိုးဘဲရှိတယ်။ ဒေါင့်ကပ်တဲ့အထိမရောက်စေဖို့ သတိရှိရမယ်။ အဲဒီမှာအလျှော့အတင်းကြိုးတွေရှိတယ်။ မခံချင်စိတ်၊ ဒေါသတို့ကို ရှေ့မထားဘဲ ပါးနပ်မှုနဲ့ စကားပြောခြင်းအတတ်ပညာကို အသုံးချ ညှိနှိုင်းရမယ်။
-
လူရယ်လို့ဖြစ်လာတယ်၊ အရှင်မြတ်ကဆင်ချင်တုံတရားလည်း ချီးမြှင့်ထားတယ်။ကိုယ့်ယုံကြည်ရာဘာသာကို အသေအချာနားလည်ကြဖို့နဲ့ အထွေထွေဗဟုသုတကြွယ်ဝဖို့က ပထမ အဓိကအရေးကြီးတယ်။ အဖက်ဖက်က တိုးတက်မှုကို ပိုင်ဆိုင်နိုင်ဖို့ တတားခင်းရမယ်။-အချို့မိန်းကလေးများမှာ မိန်းကလေးအချင်းချင်းတောင်တွေ့ဆုံ စကားပြောဆိုဖို့အရေး နေ့ရွှေ့ ညရွှေ့၊ ရှေ့စကား နောက်စကားမညီနိုင်ဖြစ်နေရှာတယ်။ အခုလိုလူမမြင်ရတဲ့ အွန်လိုင်းကိုအသုံးချပြီး မွတ်စလင်မ်ကိုပုတ်ခတ်နေတဲ့အချိန်၊ မွတ်စလင်မ်အယောင်ဆောင်များဟာလည်း မွတ်စလင်မ် group များနှင့်ဝင်ရောလျှက် စပိုင်လုပ်နေကြတဲ့အချိန်မှာ အဲဒီလိုမိန်းကလေးတွေမှာလည်း နေရင်းထိုင်ရင်း မွတ်စလင်မ်အယောင်ဆောင် စရင်းထဲဝင်သွားနိုင်တယ်။
-
ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို ဘာသာခြားတွေ အရှောင်နေရင်း ထိုးနှက်မှုမဖြစ်စေရအောင် ကိုယ့်မိသားစုကိုယ်တိုင်က ဗဟုသုတ ရှာဖွေစည်းပူးရမယ်။ ကိုယ်မွေးတာ မြန်မာနိုင်ငံမှာဖြစ်တယ်။ ဘေးအိမ်နီးချင်းနိုင်ငံမှာမဟုတ်ဘူး။ ကိုယ်ကသူတို့အမျိုးတော်နေဦးတော့ သူတို့ကကိုယ့်မြန်မာပြည်ဖွားကို သူစိမ်းအဖြစ်မြင်တယ်။ ဘေးအိမ်နီးချင်းနိုင်ငံနဲ့ သော်ဟီးဒ်တရားကို သွေဖယ်ငြင်းဆန်သူတို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာကို ကျင့်သုံးတာထက် မိမိတို့ကိုးကွယ်တဲ့ဘာသာက ကျမ်းကိုနားလည် သဘောပေါက်ကျင့်သုံးနိုင်ဖို့ကလိုတယ်။
-
ဘာမဆို အစွန်းမရောက်ဖို့၊ ကာကွယ်စောင့်ရှောက်တာထက် မိမိအားနည်းမှုကြောင့် တစ်ဖက်သားရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချုပ်နှောင်တာတို့ မဖြစ်စေရန်လိုအပ်ပါတယ်။ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရာ သန့်ရှင်းရာ လှပရာနေရာတွေ အများကြီးရှိပါသေးတယ်။-စာရေးသူ ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ လူမှုရေးအသင်းများ၊ ကျန်းမာရေးဌာနများမှ စုဆောင်းထားသော အချက်အလက်များနဲ့ ဒီဆောင်းပါးကိုရေးသားမျှဝေခြင်းဖြစ်ပါတယ်။ အချို့စာဖတ်သူများအတွက် အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။
-
မွတ်စလင်မီးန် မွတ်စလင်မားဟ်အားလုံးကို အရှင်မြတ်ထံမှ ပညာအလင်းနှင့် ငြိမ်းချမ်းမှုကျရောက်ပါစေ။ အာမီးန်။

Sunday, May 13, 2012

နယ်နမိတ်နှင့် လူမျိုးစု

ဦးဌေးလွင်ဦး တစ်ယောက် နိုင်ငံရေးဘ၀နှင့် နိုင်ငံရေး အငြင်းပွားမှုများကို ပါယ်သတ်လျှက် ဘာသာရေးနယ်ထဲ တွင်သာ ခြေချခဲ့သည်မှာ ရာသီ သုံးပတ်လည်ခဲ့ပြီ။ လက်ရှိ ဖြစ်တည်နေသော နိုင်ငံရေးနှင့် ထိုနိုင်ငံရေးပေါ် မှီတည်လျှက် ဖြစ်ပေါ်နေသော လူမျိုးရေးများ၌ ၀င်ရောက်စွက်ဖက် ပြောလို ခြင်းမရှိ၊ ဆိတ်ဆိတ်နေခဲ့သည်က များသည်။ သို့သော် မပြောမပြီး၊ မတီးမမြည် ကိစ္စများက ဦးဌေးလွင်ဦး၏ အနားမှ ဖြတ်သန်းသွားလာနေသည် များနေသဖြင့် “ပထ၀ီ နိုင်ငံရေးနှင့် လူ” ဟူသည်ကို ပြောရတော့မည် ဖြစ်တော့သည်။

ကျွန်ုပ်သည် ရခိုင်မိဘမှ မွေးဘွားလာခဲ့သော ရခိုင်လူမျိုး တစ်ဦးဖြစ်သည်။ ကျွန်ုပ်တို့ မွေးဘွားကြီးပြင်းလာရာ တစ်လျှောက်တွင် ပတ်ဝန်းကျင်၌ ရခိုင်၊ ဗမာနှင့် ချင်းလူမျိုးများသာ ရှိခဲ့သည်။ ထိုဒေသ ထိုပတ်ဝန်းကျင်တွင် ကမန်လူမျိုး၊ ရိုဟင်ဂျာလူမျိုး ဟူ၍ မကြားဘူးခဲ့- မခံစားမိခဲ့ချေ။ နယ်နမိတ်အားဖြင့် ပြောရလျှင် ရခိုင်ပြည်နယ် တောင်ပိုင်း- သံတွဲမြို့မှ- ဂွမြို့နယ်၏ အဆုံး ကျောက်ချွန်ဆိုသော ကျေးရွာ (၎င်းသည် ဧရာဝတီတိုင်း သာပေါင်း မြို့နယ်၏ မြောက်ပိုင်း ပေါက်လှဂျိုင် ကျေးရွာနှင့် ချောင်းငယ်တစ်ခု စည်းခြားလျှက် ရှိသည်) ထိရှိသမျှသော လူမျိုးများသည် ဘိုးစဉ်ဘောင်ဆက်ကပင် မိမိကိုယ်မိမိ ဗမာ ဟုသာ ခံယူခဲ့သည်။ မှတ်ပုံတင်၌၊ အလုပ်လျှောက် လွှာများ၌ ရခိုင်ဟု ထည့်ရသည်မှာ ရခိုင်ပြည်နယ်ဟု သတ်မှတ်ပေးထားသော နယ်နိမိတ်ထဲတွင် နေထိုင်ရ သောကြောင့်သာ ဖြစ်သည်။ လူမျိုးအစဉ်အလာအားဖြင့် ရခိုင်စကားပြောလျှင်ပင် အတွင်းစိတ်၌ အမြင်ကြည် လင်မှု မရှိလှချေ။ ဗမာလူမျိုးနှင့် ရခိုင်လူမျိုးဟု ခံယူသော လူမျိုးများ၏ စည်းခြားနယ်နမိတ်မှာ သံတွဲမြို့ဖြစ် သည်။ သံတွဲမြို့အား အလယ်မှ ခွဲလျှက်တောင်ပိုင်းသို့ ရွေ့သွားတိုင်း ဗမာလူမျိုးများ ဖြစ်၍၊ မြောက်ပိုင်းသို့ ရွေ့ သွားတိုင်း ရခိုင်လူမျိုးများ ဖြစ်သည်။ စကားပြောလေသံမှာလည်း မြောက်ပိုင်းသို့ ရွေ့သွားတိုင်း ရခိုင်ဘက်သို့ ပို၍ ပို၍ ယိမ်းသွားလေတော့သည်။

ထူးခြားသည်က သံတွဲဇာတိ မွတ်စ်လင်များပင်။ သူတို့က သူတို့ကိုယ်သူတို့ အစဉ်အလာအားဖြင့် ရခိုင်လူမျိုးဟု ခံယူထားသည်။ ခံစားထားသည် ပြောစကားမှာလည်း အသံပျော့ ရခိုင်စကားသာ (ရမ်းဗြဲစကားနှင့် နီးစပ်သည်) ဖြစ်သည်။ သူတို့၏ ဘ၊ ဘိုး၊ ဘေ၊ ဘီ၊ ဘင်၊ ဘွတ်၊ ဘောင် မှစ၍ ထိုအရပ်ဇာတိဖြစ်သည်။ အစဉ်အလာနှင့်ချီ၍ ပတ်ဝန်းကျင် ဗုဒ္ဓဘာသာများနှင့် အတူနေထိုင်ခဲ့သည်။ ပတ်ဝန်းကျင်ကြီး တစ်ခုလုံး၏ ကောင်းတူဆိုးမျှကို အတူ ခံစား၊ စံစားခဲ့သည်။

ထိုရခိုင်မွတ်စ်လင် လူမျိုးထုကြီး၏ စိတ်နှလုံးတွင် ယခုရိုဟင်ဂျာ ဆိုသည့် လူသားများကို ဘင်္ဂါလီ ဟုသာ နား လည်ထားခဲ့သည်။ ခံစားထားခဲ့သည်။ ထိုလူမျိုးသာ မက- ရခိုင်ပြည်နယ် မြောက်ပိုင်းမှ သူတို့ကိုယ်သူတို့ ကမန် ဟု ပြောဆိုသော လူမျိုးများကိုလည်း ဘင်္ဂါလီဟုသာ ခံစားနားလည်ထားခဲ့သည်။ ထိုသို့ ခံစားနားလည်ထားခဲ့ သည်မှာလည်း သူတို့ကိုယ်တိုင်က ရခိုင်ပြည်နယ် ဆိုသည်မှာ ဘယ်အထိ ကျယ်ဝန်းမှန်းကို တိကျစွာ မသိခဲ့ဘဲ သံတွဲမြို့မှာ မြောက်ပိုင်းသို့ မိုင်လေးဆယ်ကျော်ကွာဝေးသော တောင်ကုတ်မြို့ကျော်လျှင် ဘင်္ဂင်္ါလီလူမျိုးများ နေထိုင်သည်ဟု ခံစား နားလည်ထားသောကြောင့်သာ ဖြစ်သည်။

အများစုကြီးမှာ ကျောက်ဖြူမြို့ စစ်တွေမြို့ ဆိုသည်ကို ကြားဘူးယုံမျှသာ ဖြစ်၍၊ ရန်ကုန်မြို့ ပြည်မြို့ ပုသိမ်မြို့များ လောက် နီးစပ်သည် ပတ်သက်မှုရှိသည်ဟု မထင်မှတ်ခဲ့ချေ။ ထို့ပြင် ရံဖန်ရံခါ စစ်တွေမြို့မှ ရခိုင်များ သံတွဲမြို့ သို့ ရောက်လာလျှင်လည်း သူတို့ပြောသော ရခိုင်စကားဆိုသည်ကို သံတွဲမြို့သားများ၏ နား၌ ဘင်္ဂါလီ စကားကဲ့သို့ သာ ကြားမိသည်။ တစ်လုံးတစ်ပါဒမှ နားမလည်၊ ထို့ကြောင့် သူတို့ကိုလည်း ဘင်္ဂါလီဟုသာ သတ်မှတ်ခံစားမိ တော့သည်။

သံတွဲမြို့နယ်မှ ဆယ်တန်းအောင်ချက်ကောင်းသည်၊ အများစုမှ ဒေသခံမွတ်စလင်များ ဖြစ်သည်။ နောက်ပိုင်း တွင် စစ်တွေကောလိပ်မှာလည်း ဒီဂရီကောလိပ်ဖြစ်လာသည် (ယခု မသိပါ)။ သို့ဖြင့် သံတွဲမှ ကျောင်းသားများ စစ်တွေမြို့တွင်သာ ကောလိပ်တက်ရတော့သည်။ သို့ဖြင့် စစ်တွေမြို့ ဆိုသည်ကိုလည်းကောင်း၊ စစ်တွေရခိုင် ဆို သည်ကိုလည်းကောင်း၊ ရိုဟင်ဂျာ ဆိုသည်ကိုလည်းကောင်း၊ ကမန် ဆိုသည်ကိုလည်းကောင်း ထိသိနီးစပ်ခွင့် ရလာခဲ့သည်မှာ ယခုမှ ပြန်တွက်သော် နှစ်ပေါင်း ၂၀ ကျော်လောက်သာ ရှိသေးသည်ဟု ဆိုရမည်။ သို့တိုင် ပညာရေးနယ်၌ ကျက်စားမိသော၊ လူမျိုးဆိုသည်ကို စိတ်ဝင်စားသော လူတစ်စုမျှသာ ဖြစ်ပေဦးမည်။

လူမျိုး- ဆိုသည်မှာ တစ်မျိုးနှင့် တစ်မျိုး ယဉ်ကျေးမှု၊ ဓလေ့၊ စကားပြော၊ ဖြတ်သန်းမှု ဘ၀ အတွေ့အကြုံများ မတူညီကြပေ။ ထိုမတူညီမှု အပေါ်အခွင့်ယူ၍ လူလူချင်း ခွဲခြားလိုစိတ်၊ အထင်သေးလိုစိတ်များမှာ မဖွံ့ဖြိုးသေး သောလူမျိုးတိုင်း၌ ဖြစ်တတ်လေ့ရှိသည်။ ဥပမာ အားဖြင့် ဗမာနှင့် မွန် လူမျိုးများသည် ကိုးကွယ်ရာ ဘာသာတူ သည်၊ သို့သော် ယခုချိန်တိုင် အချင်းချင်း ခွဲခြားလိုစိတ်၊ မခံချင်သော စကားလုံးများဖြင့် နေက်ပြောင် စကားနာ ထိုးလိုစိတ်များ ရှိနေသေးသည်ပင်။ အလားတူ- ရိုဟင်ဂျာ ဆိုသော လူမျိုး၊ ကမန်ဆိုသော လူမျိုး၊ စစ်တွေ ရခိုင်ဆိုသော လူမျိုးနှင့် သံတွဲဇာတိ ရခိုင်၊ ဗမာများကြားတွင်လည်း ထိုသို့သော ပြသနာများ ရှိနေခဲ့သည်။ ရှိနေ သေးသည်။ အမှန်ကို ဆန်းစစ်သော် ထိုသို့ လူလူချင်းကြား ရှိနေသော ခံစားချက်များမှာ အရပ်ထဲမှ ခံစားချက် များသာ ဖြစ်၍- ထိုခံစားချက်များကို နိုင်ငံရေးနယ်ထဲသို့ ဆွဲထည့်မလာသင့်ပေ။

အရပ်ထဲမှ လူမျိုးရေး ခံစားချက်များအား လွှတ်တော်ထဲသို့ ဆွဲသွင်းလိုက်လျှင် ထိုခံစားချက်အား ပုံကြီးချဲ့ပေး လိုက်သည်သာ ဖြစ်၍၊ ထိုလွှတ်တော်မှ ကိုယ်စားပြုသော နိုင်ငံတစ်နိုင်ငံအတွက် မလိုလားအပ်သော ပြသနာ များကို ရင်ဆိုင်ရမည်သာ ဖြစ်တော့သည်။

နိုင်ငံ တစ်နိုင်ငံ အနေဖြင့် နိုင်ငံ၏ အလည်ဗဟိုတွင် နေထိုင်သော လူမျိုးများနှင့် နိုင်ငံ၏ နယ်နမိတ်တွင် နေထိုင် သော လူမျိုးများကို ခွဲခြားနားလည်သင့်သည်။ နိုင်ငံ၏ အလည်ဗဟိုတွင် နေထိုင်သော လူမျိုးသည်ပင် နိုင်ငံ၏ နယ်နမိတ်ကို ကျော်လွန်လျှက် အခြားနိုင်ငံများ၌ ရှိနေသေးတော့သည်။ ဥပမာ အားဖြင့် လက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲတွင် ဗမာလူမျိုးစစ်စစ်များ ဘိုးစဉ်ဘောင်ဆက်ကပင် ရှိနေသည်။ သူတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များ ဖြစ်သည်ဟု သူတို့ကိုယ်တို့ ခံစားထားသည်။ သူတို့၏ လူ ဟူသော လူ့အခွင့်အရေးကို ရယူလျှက် ရပ်တည် နေသည်။ ၁၉၈၈ ကာလထိ သူတို့ကျေးရွာများကို Burma Colony ဟုခေါ်သည်၊ (ယခု အခါ မည်သို့ ခေါ် သည်ကို မသိပါ။) သူတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ရာ နေရာ ဒေသသည် သူတို့၏ မြေဖြစ်သည်။ မည်သည့် အစိုးရမှ မတော်မတရား သိမ်းပိုက်ယူခွင့် မရှိချေ။

နိုင်ငံ၏ နယ်နမိတ်တစ်လျှောက်တွင် နေထိုင်သော လူမျိုးများမှာလည်း- သူတို့၏ မူရင်းဒေသအား အုပ်ချုပ်မှုအာ ဏာအားဖြင့် ခွဲ၍ နိုင်ငံနယ်နမိတ်သတ်မှတ် ခံလိုက်ရခြင်းကြောင့်သာ လူမျိုးတူ နိုင်ငံကွဲ ဖြစ်သွားရခြင်း ဖြစ် သည်။ မြန်မာနိုင်ငံ၏ နယ်နမိတ်တစ်လျှောက်တွင် နေထိုင်သော လူမျိုးအားလုံး (ရိုဟင်ဂျာ တစ်ခုတည်း မဟုတ်ပါ) နိုင်ငံကွဲသွားခဲ့ရသည်- ထိုင်းဘက်အခြမ်းတွင် မြန်မာမွန်၊ ထိုင်းမွန်၊ မြန်မာကရင်၊ ထိုင်းကရင်၊ မြန် မာရှမ်း၊ ထိုင်းရှမ်း မကွဲသွားခဲ့သော လူမျိုး ဟူ၍ မရှိချေ။ သူတို့၏ ဘ၀မှာ သူတို့နေထိုင်ခဲ့ရာ ဒေသအား “ဘာလင် တံတိုင်း”ကဲ့သို့ နိုင်ငံနှစ်ခုက ခွဲယူလိုက်ခြင်းကြောင့် ဖြစ်ရခြင်းသာ ဖြစ်တော့သည်။ ကချင်လူမျိုးတွင် လည်း တရုတ်ပြည်ဘက်မှ ကချင်လူမျိုးက မြန်မာ ကချင်လူမျိုးထက် ပိုများသည်။ ချင်းလူမျိုးသည်လည်း မြန်မာ ချင်းထက် အိန္ဒိယချင်းက ပိုများသည်။ အလားတူပင် ရိုဟင်ဂျာ လူမျိုး၊ ရခိုင်လူမျိုးသည်လည်း ၁၉၄၈ မြန်မာ လွတ်လပ်ရေးအားဖြင့် နယ်နမိတ်သတ်မှတ်ချက်၌ ခွဲခြားခံလိုက်ရသည်။ မြန်မာပြည်တွင်း ရခိုင်နှင့် ဘင်္ဂလား ဒေ့ရှ် ရခိုင် လူဦးရေ အတူမျှ ဖြစ်သည်။ အလားတူပင် ရိုဟင်ဂျာ လူမျိုးသည်လည်း နှစ်နိုင်ငံခွဲခံ လူမျိုးဖြစ်ခဲ့ သည်။ မြန်မာပြည် ပတ်လည်ရှိ လူမျိုးများ အားလုံး နှစ်ခြမ်းခွဲခြား ခံလိုက်ရပါလျှက် ရိုဟင်ဂျာ လူမျိုးကိုမှ အဘယ်ကြောင့် လက်မခံချင် ဖြစ်နေကြသနည်း- ဟူသည်မှာ ဆင်ခြင်စရာ တစ်ရပ်ဖြစ်လာသည်။

ရိုဟင်ဂျာလူမျိုးဟူသည်- ရခိုင်ဘုရင်များ အုပ်ချုပ်စဉ်က ရခိုင်နိုင်ငံတွင်းမှ လူမျိုးဖြစ်သည်။ ရခိုင်နိုင်ငံသည် ရာမူး ပန်းဝါ အရပ်မှ မော်ဒင်စွန်းထိ ပိုင်ဆိုင်ခဲ့သည်။ ထို့ကြောင့် ရာမူပန်းဝါ မှသည် မော်ဒင်စွန်းထိ ယခုတိုင် ရခိုင် လူမျိုးများ ထုနှင့်ထည်နှင့် ရှိနေဆဲဖြစ်သည်။ မြန်မာပြည်လွတ်လပ်ရေး ယူလျှင် မြန်မာပြည်နယ်နမိတ်အား မည် သို့ခွဲခြား သတ်မှတ်မည်နည်းဟု အင်္ဂလိပ်နန်းရေးဝန် အက်တလီမှ ဗိုလ်ချုပ်အောင်ဆန်းအား မေးစဉ်။ ဗိုလ်ချုပ် က “အင်္ဂလိပ်များ စတင်ဝင်ရောက်စဉ်- မြန်မာများက ဒါ ငါ့နယ်မြေ မထိနဲ့ ဆိုပြီး စတိုက်ခဲ့တဲ့ ဒေသကစ မြန်မာ ပိုင်သည်” ဟု ပြောခဲ့သည်။ ထိုစကားအရ အင်္ဂလိပ်များ စတင်ဝင်ရောက်ခဲ့စဉ်က မဟာဗန္ဓုလ တိုက်ခဲ့သော ရာ မူးပန်းဝါ အရပ်ထိ မြန်မာပိုင်ဖြစ်သည်။ ထိုအရပ်သည် လက်ရှိမြန်မာနယ်စပ် ဘူးသီးတောင်၊ မောင်းတောမှ ယွန်း၍ ဘင်္ဂလားဒေ့ရှ်အတွင်းသို့ ၄၇ မိုင်တွင်ရှိနေသည်။ အောင်ဆန်း အက်တလီ စာချုပ်တွင် မြန်မာ ပိုင်နက် မှာ ရာမူးပန်းဝါထိ ဖြစ်ခဲ့သည်။ (ထို့ကြောင့်လွတ်လပ်ရေး မတိုင်မှီ ဆရာကြီး ဦးရာဇတ်နှင့် မွတ်စလင်ပြည်နယ် ကိစ္စ ဆွေးနွေးရခြင်းထိ ဖြစ်ခဲ့သည်။)

သို့သော် ဗိုလ်ချုပ်နှင့် လွတ်လပ်ရေး ဖခင်ကြီးများ ကျဆုံးရပြီး နု- အက်တလီစာချုပ်အား ချုပ်ဆိုစဉ်တွင် ရခိုင် အမျိုးသားရေးဝါဒီ အမတ် ဦးအောင်ဇံဝေမှ “အကယ်၍ မြန်မာနိုင်ငံ အနေဖြင့် ရာမူးပန်းဝါထိ နယ်နိမိတ်ယူခဲ့ လျှင် ရခိုင်ပြည်နယ်ဟူသည် မဖြစ်နိုင် ကုလားပြည်နယ်သာ ဖြစ်သွားမည်”ဟု ပြောခဲ့၍ နိုင်ငံနယ်နမိတ်ကို ပြန် လည်သုံးသပ်ခိုင်းလျှက် မေယုတောင်တန်းအား နယ်နမိတ်သတ်မှတ်ရန် တောင်းဆိုခဲ့သည်။ ဦးနု၏ နယ်မြေစုံ စမ်းရေး အဖွဲ့မှ သွားရောက်စုံစမ်းသော်- မေယုတောင်တန်းထက်- မေယုမြစ်က ပို၍ နိုင်ငံနယ်နမိတ်အတွက် လုံခြုံစိတ်ချရသည်ဟု ဆုံးဖြတ်လျှက် မေယုမြစ်အား နယ်ခြားစည်းအဖြစ် သတ်မှတ်ခဲ့သည်။ ထိုခါ ဘူးသီး တောင်နှင့်မောင်းတော နှစ်မြို့ပါလာခဲ့သည်။ အကယ်၍ မေယုတောင်တန်းအား နယ်နမိတ်သတ်မှတ်သော် ဘူး သီးတောင်နှင့် မောင်းတောမြို့များမှာ ဘင်္ဂလားဒေ့ရှ် (ထိုစဉ်က အရှေ့ပါကစ္စတန်)ထဲသို့ ပါသွားမည် ဖြစ်သည်။

ဘူးသီးတောင်၊ မောင်းတောမြို့နယ်များကိုသာ လိုချင်၍ ထိုဒေသတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့သော လူသားများကို မလိုချင်သည်မှာ လွန်စွာသော မတရားမှုသာ ဖြစ်တော့သည်။ ရခိုင်အမျိုးသားရေးဝါဒီ တစ်ဦး၏ စကားကြောင့် တိုင်းပြည်၏ နယ်နမိတ်မှာ ၄၇ မိုင် ဆုံးရှုံးခဲ့ရပြီ။ သို့တိုင် မဆင်ခြင်ဘဲလျှက် ဘူးသီးတောင် မောင်းတောမြို့များကိုပါ ဖဲ့ထုတ်ချင်သည်မှာလည်း မိမိတိုင်းပြည်၏ အချုပ်အခြာ ပိုင်စိုးမှုအား မကြည့် လူမျိုးရေး မုန်းတီးမှု သက်သက်သာ ဖြစ်တော့သည်။

ထိုသို့ လူမျိုးရေး အမုန်းတရားများကို ဦးစားပေးနေလျှင်- မြန်မာများ အနေဖြင့် ချင်းတွင်းမြစ်ဝှမ်းဒေသနှင့် ဧရာဝတီမြစ်တစ်လျှောက်သာ နေရာကျန်ရစ်နိုင် နိုင်ငံတည်ဆောက်နိုင်တော့မည်ဖြစ်တော့သည်။

ရခိုင်ဘုရင်များ၏ လက်ထက်တွင် ထို ရာမူးပန်းဝါမှ လူမျိုးစုသည် ဘူးသီးတောင် မောင်းတောမြို့ထိသာ မဟုတ်ဘဲ ရခိုင်ပြည်နယ်တစ်လျှောက် ရမ်းဗြဲကျွန်းမကြီးထိ နေရာအနှံ့ပြန့်နှံ့နေထိုင်ခဲ့ကြသည်။ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာနှင့် အနီး ကျောက်ထရံရွာတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်မှ တည်ခဲ့သော ဗလီကြီး ယခုတိုင် ရှိနေခဲ့သည်။ ထိုထက်မက အိုမင်းရင့်ရော်ကာ ပျက်စီးသွားသော ဗလီများ အဆောက်အဦးများလည်း ရှိနေဦးမည်ပင်။ ထိုဒေသ၌ ထိုမျှ သက်တမ်းရှိသော ဘုန်းကြီးကျောင်းဟူ၍ မကြားဘူးပေ။

ထိုလူမျိုးစုသည်လည်း အခြားသော ကချင်၊ ကရင်လူမျိုးစုကဲ့သို့- မြန်မာနှင့် ဘာသာစကားမတူ၊ ကိုးကွယ်ရာ ဘာသာမတူ- ဖြစ်သည်မှာ မထူးခြားပေ။ ထိုအချင်းအရာအား အကြောင်းပြလျှက် မုန်းတီးခြင်းမှာကား လွန်စွာ မနှစ်မြို့ဘွယ်ရာသာ ဖြစ်တော့သည်။

၁၉၇၀-၇၁ ခုနှစ်များတွင် ဘင်္ဂါလားဒေ့ရှ်အနေဖြင့် ပါကစ္စတန်မှ ခွဲထွက်ရန် စစ်ဖြစ်ခဲ့သည်။ ထိုသို့ စစ်ပွဲအတွင်း စစ်ပြေးဒုက္ခသည်များ မြန်မာဘက်သို့ ၀င်လာခဲ့သည်မှာလည်း ငြင်းစရာ မရှိပေ။ သို့သော် ရိုဟင်ဂျာ လူမျိုး သည်သာ ၀င်လာခြင်း မဟုတ်ဘဲ၊ ဘင်္ဂါလီရခိုင်များလည်း ၀င်လာခဲ့ပေသည်။ သို့သော် ၁၉၇၀ ခု နဂါးမင်း စစ်ဆင်ရေး၊ နောက်ပိုင်းတွင် ဂဠုံမင်းစစ်ဆင်ရေး ဆိုသည့် အကြောင်းပြချက်များဖြင့် ၀င်လာသော စစ်ပြေး ဒုက္ခသည်များအား ပြန်လည်မောင်းထုတ်စဉ်တွင် ဘင်္ဂါလီမွတ်စလင်များကိုသာ မောင်းထုတ်လျှက် ဘင်္ဂါလီ ရခိုင်များကို မောင်းထုတ်ရမည့်အစား- မူရင်းဒေသခံ ရိုဟင်ဂျာများအား ဘင်္ဂါလီစစ်ပြေးများနှင့် ရောလျှက် မောင်း ထုတ်ခဲ့လေသည်။ ဘင်္ဂါလီရခိုင်နှင့် မြန်မာပြည်ဘွား ရိုဟင်ဂျာကို အစားထိုးလိုက်သည့် သဘောပင်။ မြန်မာဘက်မှ အကြောင်းပြချက်မှာ ဘင်္ဂါလားဒေ့ရှှ်မှ လူဦးရေမည်မျှဝင်ခဲ့၍ ပြန်ပို့ခဲ့သည် ဟူလို။ (နှစ်ပေါက် တစ် ပေါက် ရိုက်ခြင်းသာ ဖြစ်သည်။) ဘင်္ဂါလားဒေ့ရှ် စစ်ပြီး၍- ဘင်္ဂါလီ ရခိုင်များ နေရင်းဘင်္ဂါးလာဒေ့ရှ်သို့ ပြန်သော အခါတွင် ဘင်္ဂါလားဒေ့ရှ်ဘက်၌ လူဦးရေပိုနေသည့်အပြင်၊ မြန်မာဇာတိ ရိုဟင်ဂျာများမှာလည်း သူတို့မြေ၊ သူတို့ ရေမဟုတ်- သူတို့ပိုင်ဆိုင်မှု မရှိသော နေရာ၌ ဒုက္ခသည်ဘ၀ဖြင့် သောင်တင်နေရတော့သည်။

လူ- လူချင်း၊ ဟူသော အမြင်ဖြင့် ထိုအချက်ကို ကျွန်ုပ်တို့အားလုံး စဉ်းစားပေးရပေမည်။ ဘာသာ တူ၍ ဟူသော အမြင်မျိုး မဟုတ်ဘဲ၊ လူ ဟူသော အသိနှင့်ပင်၊ သူတို့အတွက် စဉ်းစားပေးရပေမည်။ သူတို့သည်လည်း သူတို့၏ လူ့အခွင့်အရေး၊ သူတို့မိဘဘိုးဘွားပိုင်များကို ကျွန်ုပ်တို့ကဲ့သို့ သံယောဇဉ်ရှိမည်၊ တွယ်တာမည်သာ ဖြစ်တော့ သည်။

ဦးဌေးလွင်ဦး ရေးသားမှုအားပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။