---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Tuesday, March 9, 2010

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ရွှေအရောင်းအ၀ယ်ကိုဘန်းပြပြီး လောင်းကစားလုပ်နေ

Yangon News

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ကို ၂၀၀၉ ဒီဇင်ဘာမှာဖွှဲ့ပြီး တစ်ဦးဝင်ကြေး ၅သိန်း နှစ်စဉ်ကြေးငါးသောင်းနှင့် အသင်းဝင် ၃၅၀ ခန့်ရှိပါသည်။ထိုငွေများမှာ သိန်း ၁၅၀၀ ခန့်ရှိပြီးထိုငွေများကိုအသင်းလူကြီးဆိုသူများကလက်ဝါးကြီးအုပ်ပြီး ခွှဲဝေယူထားကြပါသည်။

ထိုအသင်းမှာရွှေအရောင်းအ၀ယ်ကိုဘန်းပြပြီး လောင်းကစားကိုတရားဝင်ပမာကြီးကြီးကျယ်ကျယ် လုပ်နေ ကြပါသည်။ World gold price ကိုကြည့်ပြီးလေနှင့်ဝယ်ရောင်းလုပ်ကာဈေးကို အတတ်အကျ
လောင်းပြီးအနိုင်အရူံးဆော့နေကြပါသည်။ ငွေအားကောင်းသူတချို့နှင့်အသင်းလူကြီးများကဦးဆောင် ချယ်လှယ်လုပ်ကိုင်နေကြပါသည်အများစုမှာအရူံးပေါ်ပြီးနေကြပါသည်။ အများစုမှာ အရူံးများပြီးစိတ်ညစ်နေကြပါသည်။

အသင်းမှထွက်လိုသော်လည်း ပေးထားသောင်ကြေးငွေကိုပြန်မရသဖြင့်အခက်အခဲကြုံနေကြပါသည်။
လူအနည်းစုမှာသာအကျိုးဖြစ်ထွန်းနေကြပါသည်။ ထို့ကြောင့်အသင်းမှထွက်လိုသူများအသင်းဝင်ကြေး
ကိုပြန်ရရန်သို့မဟုတ် တနည်းနည်းဖြင့်လွှဲပြောင်းယူနိုင်ရန်နှင့်အသင်းကြီးဖွှဲ့ပြီးလောင်းကစားလုပ်
နေခြင်းကပြင်းပြင်းထန်ထန်အရေးယူပေးပါရန်တင်ပြအပ်ပါသည်။

အမှန်လိုလားသူ
From Yangon

No comments: