---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Thursday, October 21, 2010

လောကကြီးရေ


လူတွေမှာ... အသက်ကြီးလာတာနဲ့အမျှ
အတွေးအခေါ်ရင့်ကျက်မှုတွေ၊ အသိတရားတွေ တိုးပွါးလာတယ်။

အသိတရား နဲ့ ပညာကိုဖျက်စီးတာက ဒေါသ နဲ့ မာန်မာန။

သံဝေဂရအောင်လုပ်ပေးတာက ကဖန်ပိတ်စရယ်၊
မြင်ရတဲ့ မိုင်ယတ်ရယ်၊ တူးထားတဲ့ မြေတွင်းရယ်ပါ။

လူသားအချင်းချင်း ကွဲပြဲကြမလား၊ ညီညွတ်ကြမလား
မိမိတို့၏ ပြည့်ဝသောစိတ် (သို့) မဖွံ့ဖြိုးသေးသောစိတ်တို့က
ကိုယ့်လမ်းကိုယ်စီ ရွေးချယ်ကြတယ်။

အမှန်တရားနှင့် နှစ်ဘဝကို ညွန်ပြထားသော ကျမ်းဂန်ကိုမမေ့စေရန်နှင့်
ရှိုင်သွာန်၏ လှည့်ဖျားမှုနွံထဲမှာ မနစ်သွားဘို့က အဓိကဖြစ်တယ်။

ဆွလာသ်ပြုနေသော်လည်း ငါ အတွက်၊ ကောင်းမှုပြုသော်လည်း ငါ့ အတွက်၊
တစ်စုံတစ်ရာ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သော်လည်း ဒေါသမီးတို့နှင့် ငါ ဆို တဲ့ ငါ

အရှင့်အတွက်စေတနာနှင့် ဝတ်ပြုသော ဆွလာသ်၊ လူသားချင်းထားရမဲ့ တာဝန်များ
မျက်ကွယ်ပြုပြီး အရိုင်းခေတ် နောက်ပြန်ဆုတ်နေပြီလား
အိုလောကကြီးရေ.....

No comments: