---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Thursday, October 28, 2010

သတိလွတ်က အရှက်မဲ့၏



လူဟူသော လူ သည် သတိမေ့ခဲ့ပါက ခန္ဓာကိုယ်ပေါ်၌အဝတ်အထည်ရှိသော်လည်း မှားယွင်းမှုတို့ကြောင့် ထိုအဝတ်တန်စာများပျောက်ကွယ်သွားသကဲ့သို့ အရှက်ရစေ၍ ဂုဏ်သက္ခါ ကင်းမဲ့သူ ဖြစ်သွားနိုင်သည်။

ပညာရှိသော်လည်း သတိတရားမရှိခဲ့လျှင် မိမိကိုယ်ကို နိမ့်ကျရာသို့ပို့ဆောင်စေနိုင်သည်။

သတိလက်လွတ်ဖြစ်အောင် ရှိုင်သွာန်မိစ္ဆာကောင်မှ လူတို့အား တီးတိုးပြော၍ လှည့်ဖျားသွေးဆောင်ကာ လူသားတို့အား အလ္လာဟ်အရှင်မြတ်၏ ဖြောင့်မတ်မှန်ကန်သော လမ်းကြောင်းမှ သွေဖယ်သွားရန် နှင့် ၎င်းရှိုင်သွာန်၏ မိတ်ဆွေအဖြစ် ငရဲမီးသို့အဖော်ခေါ်ဆောင်သွားရန် ရည်ရွယ်ခြင်းဖြစ်သည်။

Iblis said : I will certainly lie in wait for them on Your Straight Path. Then will assault them from before them and behind them, from their right and from their left (7: 14-18)

သမိုင်းကို ပြန်လည်သတိရကြည့်ပါလျှင် ရှိုင်သွာန်မိစ္ဆာကောင်သည် ဘာဘာ အာဒမ် (အ) နှင့် မာမာဟာဝါ (အ) တို့အား လှည့်ဖျား သွေးဆောင်ကာ ဟာရမ် ဟန့်တားထားသော သစ်သီးကိုစားသုံးစေ၍ အရှက် နှင့် သောက တို့ကို ရစေခဲ့သည်။

"And O' Adam! Dwell you and your wife in the Garden (of Bliss) and eat therefrom wherever you will but approach not this tree lest you should be: among the wrong-doers." (7: 20)

"Then We said: O' Adam! Verily, this Iblis is an enemy to you and your wife, so let him not get you both out of the Garden so that you are landed in misery." (20: 117)

Finally Satan succeeded in his mission and made them approach that specific tree. Instantly evil consequences appeared. The Holy Qur'an says:

'' When they both tasted of the tree, their private parts became manifest to each other and they both began to cover themselves with the leaves of the trees (in the garden), and their Lord called them saying: Did I not forbid you both from that tree and tell you that Satan was your avowed enemy. They said: Our Lord! We have wronged ourselves. If you forgive us not and bestow not upon us Your mercy, we shall surely be of the losers." (7: 23, 24)

အလ္လာဟ်အရှင်မြတ်ထံတော်၌ ကျိုးနွံစွာ တောင်ဘာဟ်ဖတ်ခြင်း၊ လူအချင်းချင်းအပေါ်ပြစ်မှားမိသမျှကို ပြန်လည်တောင်းပန်ကြခြင်းဖြင့် မိမိတို့၏ အရှက် အနြ္ဒိရေ ဂုဏ်သက္ခါတို့ကိုပြန်လည်ဆယ်နိုင်မည်ဖြစ်သည်။

ရှိုင်သွာန်၏ မာနရှိသောသူတို့အဖို့တောင်းပန်ခြင်းသည် လွန်စွာလေးပင်သော အလုပ်တစ်ခုဖြစ်ပေလိမ့်မည်။

မည်သည့် အချေအနေ၌မဆို စိတ်လိုက်မာန်ပါ မဖြစ်မှီ နောင်တမလွန် အာခီရတ်ခရီးကို သတိရကြပါ။ အချင်းချင်းသတိတရားပေးကြပါ။

ဒီနေ့ ကျွန်ုပ်တို့အသက်ရှူနေကြသေးသည်မှာ တောင်ဘာဟ်ဖတ်ရန်၊ တစ်ဦးကိုတစ်ဦးတောင်းပန်ကြရန် အလွန်တန်ဖိုးရှိသောအချိန်ဖြစ်ပေသည်။

မနက်ဖြန် ကျွန်ုပ်တို့ဆက်လက်အသက် ရှူနိုင်ကြအုံးမလား ကဖန်ပိတ်စဖြူနဲ့ပတ်ထားပြီလား အလ္လာဟ်အရှင်မြတ်သည်သာ အသိဆုံးဖြစ်သည်။

La hawla wa la kuwata illah billah ကျွန်ုပ်တို့မှာဘယ်အရာမှတတ်နိုင်စွမ်းမရှိပါ။

No comments: