---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Saturday, February 5, 2011

မြန်မာမွတ်စလင်မ်အမျိုးသ္မီးများ၏ ဝတ်စားဆင်ယင်မှု

-
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
Bismi Allahi alr rahmani alr raheemi
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။
.
ကုရ်အာန် ၂၄: ၃၁။ (အို-နဗီတမန်တော်) အသင်သည် 'မုအ်မင်န်' သက်ဝင်ယုံကြည်သူ အမျိုးသမီးတို့အား (ဤသို့)ပြောကြားပါလေ။ ၎င်းတို့သည် မိမိတို့မျက်စိများကို အောက်သို့နှိမ့်၍ စိုက်၍ ထားရှိကြရမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏ အရှက်အင်္ဂါများကို (ကာမေသုမိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ) ထိန်းသိမ်းကြရမည်။ ထိုမှတပါး ၎င်းတို့သည် ပေါ်၍ နေတတ်သော မိမိတို့၏အလှမှတပါးကျန်အလှအပတို့ကို မပေါ်ကြစေရ။

ကုရ်အာန် ၀၃၃း ၅၉။ အို-နဗီတမန်တော်၊ အသင်သည် မိမိ၏ ကြင်ရာတော်များအားလည်းကောင်း၊ မိမိ၏သမီးတော် များအားလည်းကောင်း၊ ““မုအ်မင်န်”” သက်ဝင်ယုံကြည် သူတို့၏ ဇနီးမိန်းမများအားလည်းကောင်း၊ ““ထိုသူတို့ သည် မိမိတို့၏အပေါ်ရုံ (ခြုံထည်) များကို မိမိတို့ကိုယ်ပေါ်၌ (ရင်ဘတ်ပေါ်သို့) ဆွဲချ/တွဲလွဲချ ထားကြရမည်”” ဟု ပြောကြားပါလေ။ ဤသည် ၎င်းတို့အား ခွဲခြားမှတ်မိရန် ပိုမို၍ နီးစပ်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် နှောင့်ယှက်ခြင်းခံကြရမည် မဟုတ်ပေ။ ၎င်းးပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်သနား ကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော် မူသည်။

ကုရ်အာန် ၀၆၇း ၁။ မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ လက်တော်ဝယ် အုပ်ချုပ်မှုရှိသည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို တတ်နိုင်စွမ်းသော အရှင်ဖြစ်သည်။

ကုရ်အာန် ၀၆၇း ၂။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ် သည်ကို စမ်းသပ်ရန်အလို့ငှာ သေခြင်းကို၎င်း ရှင်သန်ခြင်းကို ဖန်ဆင်းခဲ့သည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလွန်တရာ ခွင့်လွတ်တော်မူသောအရှင် ဖြစ်တော်မူ၏။

ကျမ်းမြတ်ကုရ်အာန်ကိုဖတ်ပြီး မြန်မာမွတ်စလင်မ်အမျိုးသ္မီးများ၏ ဝတ်စားဆင်ယင်မှုကိုလေ့လာကြည့်ရအောင်။

မြန်မာမွတ်စလင်မ်အမျိုးသ္မီးတို့မှာ ဝတ်စားဆင်ယင်ပုံ
ချင်းအမျိုးမျိုးရှိကြပါတယ်။ မြန်မာဆန်ဆန်လေးဝတ်တဲ့စတိုင်၊ ခေတ်မှီ စတိုင်၊ အစ္စလာမ်တရားတော်အရဝတ်တဲ့စတိုင်အမျိုး
မျိုးတွေ့ရှိရပါတယ်။

(1) မြန်မာမွတ်စလင်မ်အမျိုးသ္မီး အသက်ကြီးပိုင်းနဲ့ အရွယ်လတ် အများစုက မြန်မာလို ဝတ်တတ်ကြပါတယ်။ မြန်မာင်္အကျီပုံဆန်မှာ လက်တိုဖြစ်စေ လက်ရှည်ဖြစ်စေ ကပ်ကပ်လေးဝတ်ရပြီး၊ မြန်မာထဘီက ကိုယ်ခန္ဒာ မှာပတ်ပြီးဝတ်ရတာမို့ မြန်မာအဝတ်အစားက ဝတ်သူရဲ့ အရှေ့အနောက်ကိုယ်လုံး အရွယ် အချိုးအစားကိုအထင်းသားမြင်ရပါတယ်။

(2) မြန်မာမွတ်စလင်မ်လူငယ်တွေက အပေါ်င်္အကျီ လက်တို - လက်ရှည်နဲ့အတူ စကပ် (သို့) ဘောင်းဘီတွေနဲ့ဝတ်ကြတာ တွေ့ရပါတယ်။ မွတ်စလင်မ်လူငယ်များဝတ်ကြတဲ့ အချို့င်္အကျီ စကပ်တို့ ဘောင်းဘီတို့မှာ ကိုယ်ခန္ဒာကို အထင်းသားမြင်ရတဲ့ ကျပ်ကျပ်ထုတ်ထုတ် အတိုလေးတွေလည်းတွေ့ရပါတယ်။

(3) အချို့မြန်မာမွတ်စလင်မ်အမျိုးသ္မီးများဟီဂျာ့ဗ်ဝတ်ကြပါတယ်။ ကိုယ်လုံးကိုလည်း အထင်းသားမမြင်ရအောင် အဝတ်ကို ပွပွလေးဝတ်ပြီး ဟီဂျာ့ဗ်ကိုရင်ဘတ်ထိအရှည်လေးချပြီးဝတ်
ကြပါတယ်။ ဒီလိုစတိုင်က မြန်မာမွတ်စလင်မ်ထဲမှာအလွန်ရှားနေပါသေးတယ်။

(4) အချို့မြန်မာမွတ်စလင်မ်အမျိုးသ္မီးများက ခေါင်းမှာဟီဂျာ့ဗ်စည်း ပြီးခန္ဒာကိုယ်ပိုင်းကို မြန်မာလိုဝတ်ကြပါတယ်။ တချို့ကဟီဂျာ့ဗ်ကို ခေါင်းနဲ့လည်ပင်းသာဖုံးပြီး ရင်ဘတ်အတိုင်းသားကိုမြင်ရပါတယ်။

(5) တချို့က ဟီဂျာ့ဗ်လေးကို ပခုံးပေါ်တင်ပြီး ရွှေဆွဲကြိုး (သို့)ကျောက်ဆွဲကြိုးတွေကိုပိုထင်ရှားစေပါတယ်။

(6) တချို့ကစာရီ (သို့) ပါကီဝတ်စုံဝတ်ကြပါတယ်။ ပဝါလေးကိုခေါင်းပေါ်မှာတင်ပြီး ဆံပင်အချို့ကိုခေါင်းတစ်ဝက်မှနှဖူးထိဖော်ထားတတ်ကြပါတယ်။

(7) တချို့က မလေးရှား ဝတ်စုံလိုမျိုးဝတ်ကြပါတယ်။ သို့သော်အလွန်နည်းပါတယ်။

လယ်ဟိုက်ဝတ်သူများ၊ ဝဖြိုးသူများတွင်ရင်ညွန့်ထိမြင်ရတတ်ပါတယ်။ မြန်မာမွတ်စလင်မ်အသိုင်းအဝိုင်းထဲမှာ ဟီဂျာ့ဗ် ဝတ်သူများ နည်းနေသေးကြောင်းလေ့လာတွေ့ရှိထားပါတယ်။ ဟီဂျာ့ဗ်ဝတ်ရင်လည်း ကုရ်အာန်အရ ဆံပင် လည်ပင်း ရင်ဘတ် တို့ကို လုံအောင်ဝတ်သင့်ပါတယ်။

မြန်မာမွတ်စလင်မ်အမျိုးသ္မီးများအနေနှင့် ကျမ်းမြတ်ကုရ်အာန်၏ အဓိပ္ပါယ်ကိုနားလည်ရန်၊ နားလည်ပြီး အလ္လာဟ်အရှင်မြတ်၏အမိန့်များကိုလိုက်နာနိုင်ရန် အရေးကြီးပါတယ်။

အထက်ပါကျမ်းမြတ် ကုရ်အာန်ကိုနားလည်သူမွတ်စလင်မ်များအတွက် ရုပ်ရှင် - မော်ဒယ်မင်းသ္မီးတို့၏ မလုံ့တလုံဝတ်ပြီးရိုက်ထားသောဓါတ်ပုံများကို အားကျ၊ အားပေးစရာအကြောင်းမရှိတော့ပါဘူး။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာအလ္လာဟ်အရှင်မြတ်၏အမိန့်ကိုဆန့်ကျင်နေ၍ဖြစ်ပါတယ်။ အလွန်နှမြောစရာကောင်းသည်မှာ ထိုမလုံ့တလုံဝတ်နေကြသော ရုပ်ရှင် - မော်ဒယ်မင်းသ္မီးအချို့မှာ မွတ်စလင်မ်အမျိုးသ္မီးများ ဖြစ်နေကြခြင်းဖြစ်ပါတယ်။
သည်အတွက် ၎င်းတို့အားကျမ်းမြတ်ကုရ်အာန်နှင့်အတူ တဖြေးဖြေးတရားချရန်မွတ်စလင်မ်မောင်နှမများမှာလည်းတာဝန်ရှိပါတယ်။

မြန်မာမွတ်စလင်မ်အမျိုးသ္မီးများအနေနှင့် ဘာသာခြားနိုင်ငံမှာ မွေးဖွားခဲ့ပြီး ဘာသာခြားတို့ပတ်ဝန်းကျင်မှာပညာသင် အလုပ်လုပ်နေရသူများ ချက်ချင်း မိမိ၏ ဝတ်စားဆင်ယင်မှုကိုမပြောင်းလဲနိုင်သေးသော သူများအတွက် မိမိတို့၏ ကိုယ်လုံးအချိုးအစားကို သူများမမြင်ရအောင် အကျပ်၊ အထုတ် အတိုများဝတ်ခြင်းမှ ရှောင်ကြည်ကြပြီး အရှေ့အနောက်လုံသော အဝတ်များကိုဝတ်ဆင်ခြင်း အိမ်အပြင်မထွက်ခင် မိမိကိုယ်ကို မှန်မှာတလှည့်ပြန်စိစစ်ကြည့်ခြင်းတို့ပြုလုပ်ရန် အကြံပေးအပ်ပါတယ်။ အဝတ်အရှည်များ ဝတ်သော်လည်း မိမိတို့၏ခန္ဒာပေါ်မှာကျပ်ထုတ်နေသည်များကိုရှောင်သင့်ပါတယ်။

(Islam considers women as precious jewels that should not be exhibited in public)

ဤသို့မိမိကိုယ်ကိုတန်ဖိုးထား ဂရုစိုက်ပေးခြင်းဖြင့် တစ်ဘက်၏ စိတ်နှင့်ပြစ်မှားမှု၊ နှုတ်လျှာနှင့်ပြစ်မှားမှု အဓ္ဓမကျူးလွန်မှုများမှ လုံခြုံစွာကာကွယ်နိုင်မည်ဖြစ်ပါတယ်။ စင်စစ် မိမိကိုယ်ကို (တစ်ကိုယ်လုံး)လုံခြုံစွာဝတ်စားဆင်ယင်ခြင်းသည်အကောင်းဆုံးဖြစ်ပါတယ်။ နှစ်ဘဝ၏အရှင်အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုနာခံရန် တဖြေးဖြေးပြုပြင်ပြောင်းလဲနေသူများကိုလည်း ချီးကျူးအားပေးလျက်။ အောင်မြင်ပါစေ။ အာမီးန်။

မေတ္တာစေတနာဖြင့်တင်ဆက်သည်။

နမူနာဝတ်စုံများ

No comments: