---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Wednesday, February 23, 2011

မျက်စိနှင့် စိတ်နှလုံး ကြည်လင်စေရန်

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
Bismi Allahi alr rahmani alr raheemi
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

ကုရ်အာန် ၀၁၇း ၃၆။ ထို့ပြင်တစ်ဝ အသင်သည် မိမိမသိသော အကြောင်းအရာ၏ နောက်သို့ မလိုက်လေနှင့်၊ ဧကန်မလွဲ နား၊ မျက်စိ၊ စိတ်နှလုံး ဤအသီးသီးတို့သည် ၎င်းအသီးသီးတို့နှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်း ခြင်းကို ခံရမည်သာတည်း။

ကုရ်အာန် ၂၄:၃၀။ အိုနဗီတမန်တော် အသင်သည် '' မုအ်မင်န် '' သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏မျက်စိများကို နှိမ့်ချထားရ
မည်ဟူ၍လည်းကောင်း၊ ထို့ပြင်မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်းပြောကြားပါလေ။ ဤသည်၎င်းတို့အဖို့အစင်ကြယ်ဆုံးပင်ဖြစ်သည်။ ဧကန်မလွဲ
အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကို ကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်ပေသတည်း။

ကုရ်အာန် ၀၆၅း ၂။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သည်ရှိသော် ထိုသူအတွက် အလ္လာဟ်အရှင်သည် ထွက်မြောက်ရာလမ်းကို ပြုလုပ်ပေးမည်ဖြစ်သည်။

ကုရ်အာန် ၀၉၁း ၉။ စင်စစ် မိမိအသက်ဇီဝိန်ကို စင်ကြယ်သန့်ရှင်းစေခဲ့သူသည် အောင်မြင်ခဲ့လေပြီ။

The prophet (peace be upon him) is reported to have said:
'O youth, whoever of you is able to marry, let him marry, for it spares one looking at what one should not, or lapsing in adultery. And if he cannot marry, let him observe fasting, for it is a shield against evil.'

“The eye commits zinaa (fornication, adultery), and its zinaa is looking.”
(narrated by al-Bukhaari, al-Isti’dhaan, 5774).

ရှိုင်သွာန်သည် လူသားတို့အား မြူမှုန်မှအစ ကြီးလေးသည့်အပြစ်ဂိုနလ်တို့ကိုကျူးလွန်ရန် အခွင့်ရလျှင်ရသလို သွေးဆောင်ဖြားယောင်းနေမည်ကို မွတ်စလင်မ်များအနေနှင့်သတိမလွတ်ကြရန်လိုအပ်ပါသည်။
မိမိတို့၏ မျက်စိ၊ နှုတ်လျှာ၊ နား၊ အပြုအမူတို့ကို ထိန်းသိမ်းနိုင်ရန် မုအ်မင်န်သက်ဝင်ယုံကြည်သူတိုင်းအတွက်အရေးကြီးသည်။ ကိုယ်စိတ်နှစ်ဖျာ သန့်ရှင်းရန်ပြုကျင့်ရမည်မှာ မွတ်စလင်မ်ယောက်ျား မိန်းမနှစ်ရပ်စလုံးအတွက်တာဝန်ဖြစ်ပါသည်။ သက်ရှိနေစဉ် မိမိတို့ပြုကျင့်ခဲ့သမျှတို့သည် တရားစီရင်သောနေ့တွင် တစ်ဦးမကျန် အလ္လာဟ်အရှင်မြတ်ရှေ့မှောက်တွင်စစ်ဆေးခြင်းခံရမည်မှာဧကန်မလွဲဖြစ်သည်။

အထက်ပါကျမ်းမြတ်ကုရ်အာန်အာယာ့သ်တော်များ၊ ဟာဒီးစ်တော်များတွင် မုအ်မင်န်သက်ဝင်ယုံကြည်သူတိုင်း မိမိတို့၏ မျက်လုံးများကိုလည်း ထိန်းသိမ်းရန်သွန်သင်ထားပါတယ်။ အစ္စလာမ်တရားတော်အရ ဝတ်လစ်စလစ်၊ မလုံ့တလုံဝတ်စားဆင်ယင်မှုတို့ကို ဟာရမ် တားမြစ်ထားပါတယ်။ ထိုဝတ်လစ်စလစ်ပုံများ၊ မလုံ့တလုံပုံများ၊ ဗီဒီအိုများ၊ စာအုပ်များကို ကြည့်ခြင်း၊ ရှာဖွေစုဆောင်းထားခြင်း၊ ဝေငှခြင်း၊ ရောင်းဝယ်ခြင်းတို့သည်လည်းဟာရမ်ဖြစ်ပါသည်။ ဟာရမ်ကိုရှောင်ကြည်ရန် မိမိတို့၏ facebook, gmail, gtalk နှင့်အခြား သုံးနေသောဆိုက်များတွင် ၎င်းဟာရမ် ပုံများတင်ထားမိသလားပြန်လည်စိစစ်ကြည့်သင့်ပါသည်။

တချို့ယောက်ျားများ (ယောက်ျားတိုင်းမဟုတ်) ၏ facebook ပေါ်၌ ဝတ်လစ်စလစ်ရုပ်ရှင်မင်းသ္မီးပုံ၊ မလုံ့တလုံပုံ နှင့် ထို website link များတင်ထားခြင်း၊ ထိုသို့ဝတ်စားဆင်ယင်သောသရုပ်ဆောင်များ၏ facebook နှင့် website တို့တွင်သွားရောက်လည်ပတ်ကြည့်ရှူချင်း၊ အားပေးခြင်းတို့သည် အစ္စလာမ်သက်ဝင်ယုံကြည်သူတစ်ဦးအနေနှင့် ရှူံ့ချစရာဖြစ်ပေသည်။

အထက်ပါကျမ်းမြတ်ကုရ်အာန်၏အာယာ့သ်တော်များ၊ ဟာဒီးစ်တော်များကိုနှလုံးသွင်းကြပြီး ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ဟာရမ်ပုံများမှရှောင်ကြည်ကြရန် အကယ်၍ မိမိတို့ profile တွင် ၎င်းဟာရမ်ပုံများတင်ထားလျှင်လည်း ပယ်ရှားသင့်သည်။ မိမိတို့၏ စိတ်နှလုံးကြည်လင်ရန် စိတ်ရိုင်းကို ထိန်းသိမ်းနိုင်ခြင်းသည်အကောင်းဆုံးဖြစ်သည်။
မွတ်စလင်မ်တိုင်း နှစ်ဘဝ၏အရှင်သခင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များ၊ မြတ်နဗီတမန်တော်မြတ် မိုဟာမတ် (စွ) ၏ ဩဝါဒများကိုလိုက်နာ၍ ရှိုင်သွာန်မိစ္ဆာကောင်၏သွေးဆောင်ဖျားယောင်းမှုများမှကင်းဝေးကြပါစေ။ အီမန်ခိုင်မြဲသထက်ခိုင်မြဲကြပါစေ။ အာမီးန်။

Allah (SWT) know the best.

မေတ္တာစေတနာဖြင့်တင်ဆက်သည်။

No comments: