---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Sunday, May 1, 2011

ဂျပန် Teriyaki ကြက်သားကြော်


ကြော်နည်း
-----------

၁) ကြက်သားရင်အုံ ၃၀၀ ဂရမ်
၂) Teriyaki sauce ထမင်းစားဇွန်း ၃ ဇွန်း
၃) နာနတ်ယို (pineapple marmalade) လက်ဖက်ရည်ဇွန်း ၂ ဇွန်း ခွဲ
၎) ဆီ

ကြက်သားကို အသင့်အတင့်အရွယ်တုံးပါ။
ဆီပူမှာထည့်ကြော်ပြီး Teriyaki sauce ထည့်မွှေပေးပါ။
ကြက်သားကျက်ခါနီးမှာ နာနတ်ယို (pineapple marmalade) ထည့်ပြီးမွှေပါ။
ကြက်သား Teriyaki sauce၊ နာနတ်ယိုတို့နဲ့စေးကပ်လာရင် စားသုံးနိုင်ပါပြီ။ ကြော်ရတာအလွန်လွယ်ကူပြီး Teriyaki ကို ဆလပ်ရွက် ၊ ထမင်းပူ၊ ဆန်ပြုတ်တို့နဲ့အတူစားနိုင်ပါတယ်။ နေမကောင်းရာမှ နလန်ထူစသူများ၊ အစားအသောက်အရသာပျက်နေသူများကိုလုပ်ကျွေးရန်သင့်တော်တဲ့ Teriyaki ဖြစ်ပါတယ်။

No comments: