---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Tuesday, January 11, 2011

အစ္စလာမ်ဘာသာမှ ဝက်သားစားသုံးခြင်းကိုတားမြစ်ထားသောအချက်များ

.
အေမး : အစၥလာမ္ဘာသာမွာ ၀က္သားကိုစားခြင့္မ၇ိွဘူးဆိုတာဟုတ္ပါသလား။
တကယ်လို့  ဟုတ်တယ်ဆို၇င်လည်းဘာလို့ စားသုံးခွင့်မရှိတာလဲဆိုတာ
သိချင်ပါတယ်ခင်ဗျ။

အစ္စလာမ်ဘာသာ ၇ဲ့ အဆို အ၇ ၀က်သည်လည်း ဒီကမ္ဘာကြီးပေါ်မှာ
ဖန်ဆင်းရှင်ရှိလို့ သာ ပေါ်ပေါက်လာ၇တာပါ။ တကယ်လို့ ဝက်ကို မသန့် စင်ဘူးလို့ ယူဆလျှင်လဲ ဘာ လို့ ဖန်ဆင်းခဲ့သလဲဆိုတာသိချင်ပါတယ်ခင်ဗျ။

မသန့် စင်မှန်းသိ၇င် ထာ၀၇ ဘု၇ားသခင်။ အန န္တ တန်ခိုး၇ှင် ဖန်ဆင်းရှင် က ဘာပြု လို့ ဖန်ဆင်းခဲ့တာလဲခင်ဗျ။ ဒီကမ္ဘာကြီးစတည်ကတည်း ကတစ်ခါတည်းမရှိအောင်
ဖျောက်ပစ်ခဲ့သင့်တယ် လို့ ထင်ပါတယ်။

အဖြေ : အလ္လာဟ်အရှင်မြတ်က ကမ္ဘာပေါ်မှာ အကောင်းနှင့်အဆိုး ဒွန်တွဲ၍ဖန်ဆင်းထားပြီး မည်သည့်အရာက အကောင်း မည်သည့်အရာက အဆိုးဆိုသည်ကို လူသားတို့ကို အရှင် မြတ်သင်ကြားပေးထားပါသည်။ လူသားတို့အား ဆင်ချင်သုံးသပ်တတ်သော ဦးနှောက်ညာဏ်ထည့်ပေးထားပါသည်။ ကောင်းတာကိုကျင့်သုံးပြီး၊ မကောင်းတာကိုရှောင်ရမည်မှာ လူသားတို့၏တာဝန်ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံများအား အကောင်းနှင့်အဆိုးကိုခွဲခြားတတ်စေခြင်းဖြင့် လူသားတို့၏အရည်အချင်းကို ပို၍မြင့် စေသည်။ တစ်နည်း လူသားတို့၏ ညာဏ်ရည်ညာဏ်သွေး၊ စိတ်ပိုင်းဆိုင်ရာများကိုလည်းစမ်းသပ်ခြင်းဖြစ်သည်။

အမေး : အစ္စလာမ်က ဝက်သား စားသုံးမှုကို ဘာကြောင့် တားမြစ်ထားရတာလဲ။

အဖြေ : အစ္စလာမ်က ဝက်သား စားသုံးခြင်းကို တားမြစ်ထားတဲ့ အချက် ကတော့ လူသိများလှပါတယ်။ ဒီတားမြစ်ချက်နဲ့ ပတ်သက်တဲ့ အကျိုး အကြောင်းစုံကို အောက်ပါအချက်အလက်များက ရှင်းလင်းပြထားပါတယ်။

၁။ ကုရ်အာန်က ဝက်သားကို တားမြစ်ထားသည်။

ဝက်သား စားသုံးမှုကို လေးနေရာထက် မနည်းမှာ တားမြစ်ထားပါတယ်။ ကုရ်အာန် ၂း ၁၇၃ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် ၌ အသေကောင်များကိုလည်းကောင်း၊ (ယိုစီးသော)သွေးကို လည်းကောင်း၊ ၀က်၏ အသားကိုလည်းကောင်း၊ အလ္လာဟ် အရှင်မြတ်၏နာမံတော်မှတပါး အခြားကိုးကွယ်ရာများ၏ အမည်နာမများကို တ,သပြီး လှီးဖြတ် ထားသော တိရစ္ဆာန် များကိုလည်းကောင်း၊ မုချတားမြစ်ထားတော် မူလေသည်။ သို့တားမြစ်ထားသော်လည်း မလွှဲမရှောင်သာ နိုင်အောင် အကျပ်အတည်းနှင့် တွေ့ကြုံနေသောသူ တဦးသည် (တားမြစ် ထားသော အာဟာရကို) မက်မောသူ မဟုတ်ဘဲ၊ အစားကျူး သူလည်း မဟုတ်ဘဲ၊ (အသက်မသေရုံမျှ စားသုံး ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ တစုံတရာ အပြစ်မရှိချေ။ ဧကန် မုချ အလ္လာဟ်အရှင်မြတ်သည် (ချို့တဲ့မှုများကို) အထူးချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာ တော်မူသောအရှင် ဖြစ်တော် မူပေသတည်း။

[ ကုရ်အာန် ၅း ၃ ] အလိုအလျောက်သေသော တိရစ္ဆာန်သည်လည်းကောင်း၊ သွေးသည်လည်းကောင်း၊ ၀က်တိရစ္ဆာန်၏အသားသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါးအခြားကို ရည်စူးထားသောတိရစ္ဆာန်သည်လည်းကောင်း၊လည်မျို (ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ) သေရသောတိရစ္ဆာန်သည်လည်းကောင်း၊ ရိုက်နှက်၍ဖြစ်စေ၊ ထိခိုက်၍ဖြစ်စေ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ မြင့်ရာမှကျ၍ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ ဦးချိုဖြင့်ဝှေ့ခတ်ခြင်းခံရ၍ သေသော တိရစ္ဆာန်သည်လည်းကောင်း၊ (အသက်မထွက်မီ တရားတော်နှင့်အညီ)အသင်တို့ "ဇဗ်ဟ်"လှီးဖြတ် နိုင်ခဲ့သောတိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များ ကိုက်ခဲသတ်ဖြတ်ထားသောတိရစ္ဆာန်သည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဟရာမ်ဟူ၍တားမြစ်ထားပြီး ဖြစ်လေပြီ။
.
ရုပ်ပွားဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန် လှီးဖြတ်ထားသော တိရစ္ဆာန်များသည်လည်းကောင်း၊ မဲမြှားတို့ ဖြင့် အသင်တို့ ဝေစုဝေပုံခွဲခြင်းသည်လည်းကောင်း၊ အသင်တို့အဖို့(စားသုံးခြင်း မပြုကြရန်) ဟရာမ် တားမြစ်ထားပြီး ဖြစ်ချေသည်။ ဤသည်တို့ကားပြစ်မှုဒုစရိုက်များ ပင်တည်း။ ယနေ့အဖို့မှာကား ကာဖိရ်သွေဖည်ငြင်းပယ် သောသူတို့သည် အသင်တို့၏သာသနာကို(ဖျက်ဆီးနိုင်ခြင်း)မှ မျှော်လင့်ချက် ကင်းမဲ့ကြပြီးဖြစ်ရာ အသင်တို့သည် ထိုသူတို့ကို စိုးရိမ်ကြောက်ရွံ့ခြင်း မရှိကြဘဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ ယနေ့သော်ကားငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ဒီန်သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည်မိမိ၏ ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။
.
၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ ‘ဒီန်သာသနာတော်အဖြစ်သဘောတူ နှစ်မြို့တော်မူခဲ့လေပြီ။ သို့ရာတွင် (အထက်တွင်မြစ်တားထားခဲ့သော အရာများနှင့်စပ်လျဉ်း၍ သိအပ်သောအချက်တစ်ရပ်မှာ) မည်သူမဆို အပြင်းအထန် ဆာလောင်မွတ်သိပ်၍ မလွှဲမရှောင်သာသည့် အခြေသို့ ဆိုက်ရောက်ခဲ့သဖြင့် ထိုသူသည် ပြစ်မှုကို နှစ်သက်လိုလားခြင်း မရှိဘဲ(မြစ်တားထားသော အရာများကို စားသုံးမိပါက) မချွတ်ဧကန်အလ္လာဟ် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[ ကုရ်အာန် ၆:၁၄၅ ] အို-နဗီတမန်တော်) အသင်သည် (ယင်းသူတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါသည် မိမိထံသို့ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ကျရောက်လာသောဝဟီယ် အမိန့်တော်တွင် (ယခုအငြင်းပွားလျက်ရှိသောတိရစ္ဆာန်များအနက်)တစ်စုံတစ်ခုကို မည်သည့်စားသုံးသူအပေါ်၌မျှ ၎င်းကို စားသုံးခြင်းသည် ဟရာမ် ဟူ၍ တားမြစ်ထားသည်ကို မတွေ့ရှိရချေ။ သို့ရာတွင် အသေသား၊ သို့မဟုတ်စီးထွက်သောသွေး၊ သို့မဟုတ် ၀က်တိရစ္ဆာန်၏ အသားဖြစ်ခဲ့လျှင် ထိုအရာများသည် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် ဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူး၍ သတ်မှတ်ခဲ့လျှင်(ဟရာမ် ဟူ၍ တားမြစ်ထားတော်မူလေသည်။) သို့ပါလျက်အကြင်သူသည် (ထိုထိုသောအရာများကိုပင်) အရသာခံစားလိုခြင်း၊ စည်းကမ်းကျူးလွန် ဖောက်ဖျက်ခြင်းမရှိဘဲ မလွှဲမရှောင်သာဖြစ်၍ (အသက်မသေရုံမျှသာ စားသုံး)ခဲ့ပါမူ၊ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်အမှန်အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာတော်မူသောအရှင်မြတ်ပင်ဖြစ်တော် မူပေသတည်း။

[ ကုရ်အာန် ၀၁:၁၄၊ ၁၆:၁၅၅ ] ထိုအရှင်မြတ်သည် အသေကောင်(များ)၊ (ယိုစီးသော)သွေး၊ ၀က်တိရစ္ဆာန်၏အသားနှင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကို ရည်စူး(တသလှီးဖြတ်)ထားသော အရာများကိုသာလျှင် ဟရာမ် ဟူ၍ မြစ်တားထားတော်မူခဲ့လေသည်။ သို့(တားမြစ်ထားတော်မူသော်) ငြားလည်း မလွှဲမရှောင်သာ(အောင်အကျပ်အတည်းတွေ့ကြုံနေ)သောသူတစ်ဦးသည်(တားမြစ်ထားသောအာဟာရကိုခုံမင်)တပ်မက်သူ မဟုတ်၍လည်းကောင်း၊(အစား) ကျူးသူမဟုတ်၍လည်းကောင်း(အသက်မသေရုံမျှ စားသုံးခဲ့ပါလျှင်) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အထူးချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အထူးသနားကြင်နာတော်မူသောအရှင်၊

ကုရ်အာန် ၅း ၃၊ ၆း ၁၄၅ နှင့် ၁၆း ၁၁၅ တို့မှာ တွေ့ရှိရပါတယ်။
“အသင်တို့အတွက် တားမြစ်ထားရာ (အစားအစာ) ကား အသေသား၊ သွေး၊ ဝက်သား၊ ... အလ္လာဟ်မှအပ ဖြစ်ရာတို့ကို ပူဇော်ပသ ဆက်ကပ်ထားရာတို့ ဖြစ် သတည်း။” [ ကုရ်အာန် ၅း ၃ ]

ကျမ်းမြတ်ကုရ်အာန်ရဲ့ အထက်ပါ အာယတ်တော်တွေ အရနဲ့တင် ဝက်သားကို ဘာကြောင့်တားမြစ်ထားရတဲ့အကြောင်းကိုတော့ မွတ်စလင်တစ်ဦးအဖို့ ကျေနပ်မှု အပြည့်အဝ ရရှိသွားစေမှာပါ။

၂။ ခရစ်ယာန်သမ္မာကျမ်းမှာလဲ ဝက်သားကို တားမြစ်ထားသည်

ခရစ်ယာန်တွေကို သူတို့ရဲ့ ဘာသာရေး ကျမ်းဂန်တွေကို တကယ်ပဲ တိတိကျကျ ယုံကြည်အပ်တာကို သိမ်းသွင်းယူရတော့မဲ့ပုံ။ ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာလာ ဝတ်ပြုရာ ကျမ်းမှာလဲ ဝက်သားစားသုံးခြင်းကို တားမြစ်ထားပါတယ်။
“ဝက်သည် ခွါကွဲပြားသော်လည်း စားမြုံ့ မပြန်သောကြောင့် သင်တို့ မစင်ကြယ်။ ထိုသို့သော တိရစ္ဆာန်၏ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ၊ မစင်ကြယ်ဟု သင်တို့ မှတ်ယူကြရမည်။” [ ဝတ်ပြုရာကျမ်း ၁၁း ၇-၈ ]

သမ္မာကျမ်းလာ တရားဟောရာကျမ်းမှာလည်း ဝက်သားကို ပိတ်ပင်ထားတာ ရှိပါတယ်။
“ဝက်သည် ခွါကွဲပြားသော်လည်း စားမြုံ့ မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ “
[ တရားဟောရာကျမ်း ၁၄း ၈ ]
သမ္မာကျမ်းလာ ဟေရှာယ အနာဂတ္တိကျမ်း၊ အခန်း-၆၅၊ ပါဒ ၂-၅ မှာလည်း အလားတူပဲ ထပ်မံပြီး ပိတ်ပင်ထားတာ ရှိပါတယ်။

၃။ ဝက်သား စားသုံးခြင်းဖြင့် ရောဂါများစွာ ဝင်နိုင်သည်
.
ဆင်ခြင်တုံတရားကျကျ၊ ယုတ္တိဗေဒနည်းဆန်ဆန်နှင့် သိပ္ပံအရ အခိုင်အမာ တင်ပြနိုင်မှသာ မွတ်စလင် မဟုတ်သူများနဲ့ ဘုရားမဲ့ဝါဒီများ အနေနဲ့ သဘောတူ လက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဝက်သားကို စားသုံးမှီဝဲ ခြင်းဖြင့် ရောဂါ အမယ်ပေါင်း ခုနှစ်ဆယ်ထက်မနည်း ဖြစ်ပွားနိုင်ပါတယ်။

လူတွေမှာ သန်လုံးကောင်၊ တုတ်ကောင်နဲ့ ချိတ်သန် စတာတို့လိုမျိုး သန်မျိုးစုံ စွဲကပ်နိုင်ပါတယ်။ အန္တရာယ်အကြီးဆုံးကတော့ တေနီယာ ဆိုလျမ်ပါပဲ။ ဒီကပ်ပါးက လူသာမန်တို့ကတော့ တုတ်ပြားကောင်ရယ်လို့ ခေါ်ကြပါတယ်။ အကောင်က အတော်ရှည်ပြီး အူထဲမှာနေတယ်။ ၄င်းရဲ့ ဥက သွေးစီးကြောင်းထဲဝင်ပြီး လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးကို ဝင်ရောက်နိုင်ပါတယ်။ ဒီပိုးက ဦးနှောက်ထဲဝင်သွားရင် မှတ်ဥာဏ်ကို ထိခိုက်နိုင်ပါတယ်။ နှလုံးထဲကိုဝင်ခဲ့ရင် နှလုံးရောဂါ ဖြစ်နိုင်ပါတယ်။

မျက်စေ့ထဲဝင်ခဲ့ရင်တော့ မျက်စေ့ကွယ်သွားတတ်တယ်။ အသည်းထဲ ဝင်ခဲ့ရင်တော့ အသည်းကို ထိခိုက်ပျက်စီးနိုင်တယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးကိုပဲ ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ နောက်ထပ် အန္တရာယ် ကြီးမားတဲ့ သန်ကောင်ကတော့ ထရီချူရာ တီချုရာစစ် (Trichura Tichurasis) ဖြစ်ပါတယ်။

ဝက်သားကို ကောင်းစွာ ချက်ပြုတ်ပြီးမှ စားရင် ဒီဥက သေသွား မယ်ဆိုပြီး ယေဘူယျအားဖြင့် တလွဲ သိရှိထားနေကြတယ်။ အမေရိကမှာ ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ ထရီချူရာ တိချုရာစစ် သန်စွဲနေတဲ့ လူနာ ၂၄ ဦးမှာ ၂၂ ဦးက ဝက်သားကို ကောင်းစွာ အချက်ခံပြီးမှ စား ကြတာတဲ့။ ဒီအချက်က ပုံမှန် အပူချိန်မှာ ချက်သွားလို့ကတော့ ဝက်သားမှာ ဒီပိုးဥက သေ မသွားဘူး ဆိုတာကို ပြနေပါတယ်။

၎။ ဝက်တွင် အဆီကို ဖွဲ့စေသော ဝတ္ထု ရှိသည်
ဝက်မှာ အင်မတန်နည်းပါးတဲ့ ကြွက်သားကိုသာ ဖွဲ့စည်းနိုင်တဲ့ ဝတ္ထု ရှိပြီး အဆီက အလွန်အကျွံ ပါဝင်နေပါတယ်။ ဒီအဆီကသွေးကြောများထဲမှာ စုနေတာကြောင့် သွေးတိုး ဝင်ပြီး နှလုံးထိခိုက် ပျက်စီးရပါတယ်။ အမေရိကန်လူမျိုး ၅၀ ရာခိုင်နှုန်းကျော်က သွေးတိုး ရောဂါ ခံစားနေရတယ် ဆိုတာဟာ ဒါကြောင့် အံ့ဩစရာ မဟုတ်တော့ ပါဘူး။

၅။ ဝက်သည် ကမ္ဘာမှာ အညစ်ညမ်းဆုံး သတ္တဝါ ဖြစ်သည်
ဝက်က ကမ္ဘာမှာ အညစ်ပတ်ဆုံး တိရစ္ဆာန်တွေထဲက တစ်မျိုး ဖြစ်တယ်။ ရွှံ့နွံတွေ၊ မစင် အညစ်အကြေးတွေထဲမှာ ရှင်သန် ကျင်လည် နေထိုင်ကြတယ်။ ကျွန်ုပ်သိရသလောက် အလ္လာဟ်အရှင် ဖန်တီးထားတဲ့ အထဲမှာ အညစ်အကြေး ရှင်းကောင်လို့ ဆိုရမှာပါ။ ကျေးရွာတွေမှာ ခေတ်မီ အိမ်သာတွေ ဘာတွေ မရှိကြပါဘူး။ ကွင်းပြင်တွေမှာ အခင်းကြီး အခင်းငယ် သွားကြတယ်လေ။ ဒီ အညစ်အကြေးတွေကို ပြောင်သလင်း ခါသွားအောင် ဝက်က ရှင်းပစ်ပေးတာပါ။

တချို့က စောဒကတက်ကြတာ ရှိတယ်။ ဩစတြေးလျလို တိုး တက်တဲ့ နိုင်ငံတွေမှာ ဝက်ကို အင်မတန် သန့်ပြန့်ပြီး ကျန်းမာရေးနှင့် ညီတဲ့ ဝန်းကျင်မှာ မွေးမြူနေကြပြီတဲ့။ ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြေအနေများမှာတောင် ဝက်တွေကို နှစ်ဖက်ချ တုံးတင် လှေခါးတွေ ထဲမှာ ထားပြီး မွေးမြူကြရတယ်။ သူတို့ကို ဘယ်လိုပဲ ခက်ခက်ခဲခဲနဲ့ သန့်ရှင်းအောင် လုပ်လုပ် ဘာမှမထူးပါဘူး။ ဗီဇကိုက ညစ်ပတ်တဲ့ ဗီဇပါနေတာကိုး။ ကိုယ့်မစင် ကိုယ်ပြန်စားရင်စား ဒါမှမဟုတ် အနားက အကောင်ရဲ့ မစင်ကို ပြန်ပြီး စားတတ်ကြပါတယ်။

၆။ ဝက်သည် အရှက်အမဲ့ဆုံးသော တိရစ္ဆာန်ပင်
ကမ္ဘာမှာ ဝက်ဟာ အရှက် အမဲ့ဆုံးသော အကောင်ပါပဲ။ မိမိရဲ့ ကြင်ဖော်ကို တခြားအဖော်ဖြစ်တဲ့ အကောင်တွေနဲ့ လာမိတ်လိုက်ဖို့ ခေါ် တတ်တဲ့ တိရစ္ဆာန်မျိုးက ဝက်ပါပဲ။ အမေရိကမှာ လူတော်တော်များများ က ဝက်သားကို စားသုံးကြတယ်။ ပွဲသဘင် အကပါတီတွေမှာ ဆိုရင် အချို့က Wife Swapping ကိုကျေကျေနပ်နပ်ကြီးကို အလဲအလှယ် ပြုတတ်ကြပါတယ်။ ဒါကို Swapping of wives လို့ လည်းခေါ်ပါတယ်။

Reference : Myanmar chat online org.

Now a days, people are not as much "religious conscious " as they are "medical conscious". In other words if you tell them that its forbidden in your religion, you are labeled as a wet blanket. But if you explain how this can ruin their hea...lth and figure (especially ladies) or how harmful and in some cases fatal it can be to them, only then will they pay any attention.

Islam is not the only religion in which pork is prohibited but other religions teach the same message also.

For example; In Judaism, pork consumption is forbidden.

In Hinduism, the same principle is applied according to their teachings. In fact most of the Hindus are pure vegetarians especially the Brahmins (the highest cast of Hindus).

In Buddhism, there are five principal commandments on which the religion is based and these are the prohibition of killing, adultery, stealing, telling lies and drinking intoxicants. This is extreme form of Buddhism and encourages vegetarianism only.

In Christianity, it is also required of the followers to not consume pork. This makes sense as Christians believe unconditionally in the Old and New Testament. Some Christians however, claim that they are Christians now and no longer Jews. The answer to this is that the fundamental teachings of the church are based on the Old Testament. Also, the Ten Commandments, which are from the Old Testament, are strictly practiced and the Old and New Testament are bound into one which is called the Holy Bible.

Reference : http://www.themuslimwoman.com

No comments: