---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Sunday, December 21, 2008

စူရဟ်သွန် အန္နတ်ဆွ်ရ်



إِذَا جَاءَ نَصْرُ اللَّهِ وَالْفَتْحُ
၁။ အိဇာဂျာအ နဆ်ွရုလ်လားဟိ ဝလ်ဖသ်ဟ်

وَرَأَيْتَ النَّاسَ يَدْخُلُونَ فِي دِينِ اللَّهِ أَفْوَاجًا
၂။ ဝရအိုင်းသန်းန် နားစ ယဒ်ခုလုးန
ဖီ ဒီးနိလ်လားဟိ အဖ်ဝါးဂျာ

فَسَبِّحْ بِحَمْدِ رَبِّكَ وَاسْتَغْفِرْهُ ۚ إِنَّهُ كَانَ تَوَّابًا
၃။ ဖစဗ်ဗိဟ် ဗိဟမ်းမ်ဒိ ရဗ်ဗိက ဝပ်စ်သဃ်ဖိရ်ဟ်
အင်းန်နဟူ ကားန သောင်ဝ်ဝါးဗာ
ကုရ်အာန် (၁၁၀)


အဓိပ္ပါယ်။
၁။ အလ္လာဟ်အသျှင်မြတ်၏ ကူညီစောင်မခြင်းသည်လည်းကောင်း၊ အောင်နိုင်မှူသည်လည်းကောင်း၊ ရောက်ရှိလာသောအခါ။

၂။ ၎င်းအပြင် လူတို့အားအလ္လာဟ်အသျှင်မြတ်၏ သာသနာ လမ်းစဉ်တွင်းသို့ အစုလိုက်၊ အသင်းလိုက် ဝင်ရောက်လာသည်ကို အသင်တွေ့မြင်ရသောအခါ။

၃။ အသင့်ကို အဆင့်ဆင့်ပြုစုပျိုးထောင်တော်မူသော အသျှင်မြတ်သည် အတိုင်းအဆမရှိ သန့်ရှင်းစင်ကြယ်တော်မူကြောင်း ချီးမွန်းခြင်းနှင့်တကွ ကျူးရင့်လော့။ ထိုအသျှင်မြတ်ထံမှ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလော့။ မုချဧကန် ထိုအသျှင်မြတ်သည် နောင်တဖြင့် ပြန်လှည့်ခြင်းကို လက်ခံတော်မူသောအသျှင် (ဝါ) ကရုဏာဘက်သို့ များစွာလှည့်တော်မူသောအသျှင် ဖြစ်တော်မူသည်။

No comments: