---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, January 7, 2011

ကျမ်းမြတ်ကုရ်အာန်နှင့်လူ့ဘဝ


သီးခြားသောအိမ်သားများ
---------------------------
ဟဇရသ်အနတ်စ် (ရ) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (စွ) အမိန့်ရှိတော်မူသည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌ အချို့သော သူများ
သည် မိသားစုတစ်စုတည်းမှ ထူးခြားထင်ခြားသောသူများပမာဖြစ်ကြသည်။ ဆွဟာဗဟ် (ရ) များက ၎င်းတို့သည် အဘယ်သို့သောသူများပါနည်းဟုမေးမြန်းလျှောက်ထားရာ ၎င်းတို့သည် ကုရ်အာန်ကျမ်းမြတ်ကိုအမြဲတစေရွက်ဖတ်လေ့ရှိပြီး ၎င်းကျမ်းလာအတိုင်း နေထိုင်ကျင့်ကြံကြသူများဖြစ်ကြသည်။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ မိတ်ဆွေများဖြစ်ကြသည့်အပြင် ထိုအရှင်မြတ်၏ ထူးခြားသောပုဂ္ဂိုလ်များဖြစ်ကြသည်။ (ဟာကင်မ်)

နှလုံးသား၏ လှပတင့်တယ်မှု
------------------------------
ဟဇရသ် အိဗ်နေအဗ္ဗာစ် (ရ) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (စွ) အမိန့်ရှိတော်မူသည်။ အကြင်သူ၏ နှလုံးသား၌ ကုရ်အာန်ကျမ်းမြတ်၏ မည်သည့်အစိတ်အပိုင်းမျှပင် ထိန်းသိမ်းထားမှုမရှိလျှင် ၎င်းသူ၏နှလုံးသည် လူသူကင်းမဲ့နေသောအိမ်ပမာဖြစ်သည်။ ဆိုလိုသည်မှာ အိမ်တစ်အိမ်၏ လှပဂုဏ်ကျက်သရေရှိမှုသည် ၎င်းအိမ်၌ လူအများဖြင့်သာယာစည်ပင်နေခြင်းပင်ဖြစ်ပေသည်။ ဤအတိုင်းပင် လူသား၏ နှလုံးသား၏ လှပခန့်ညားမှုတင့်တယ်မှုတို့သည် နှလုံးသား၌ ကုရ်အာန်ကျမ်းတော်မြတ်ကို ထိန်းသိမ်းထားရှိမှုပင်ဖြစ်သည်။ (သစ်ရ်မေဇီ)

No comments: