---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, December 12, 2008

အဘယ်ကြောင့် (ဒိုအာ) ဆုမွန်တောင်းအပ်ပါသနည်း?


وَأَن لَّيْسَ لِلْإِنسَانِ إِلَّا مَا سَعَىٰ
(ဝအလ်လိုင်စ၊ လင်လ် အင်စာနေ့၊ အင်လ်လာ မာစအာ။)
ကုရ်အာန် အပိုင်း ၂၇၊ အခန်း ၅၃၊ အပိုဒ် ၃၉။

(ထိုပြင် လူသားသည် မိမိ လုံ့လပြုကျင့်မှူ၏ အကျိုးအပြစ်မှတစ်ပါး အခြားရရှိမည်မဟုတ်။)

ဟူ၍ လုံ့လ ဝီရိယ ကြိုးစားမှူပြုရန်ကိုလည်းအထူးတိုက်တွန်းကာ၊ စိတ်တန်ခိုး သတ္တိဖြစ်သော (ဒိုအာ) ဆုပတ္တနာပြု၍ အနန္တ တန်ခိုးတော်ရှင်ထံမှ အကူအညီတောင်းခံခြင်းကိုလည်း၊ လေးနက်စွာတိုက်တွန်းထားလေသည်။
အလိုဆန္ဒများကိုပေးစွမ်းနိုင်သော (အလ္လာဟ်) အသျှင်မြတ်ထံတော်၌သာ ဦးတိုက်လျှောက်ကြား ဒိုအာတောင်းခံ၍၊ မလုပ်သင့်မလုပ်အပ်သည့် ဗေဒင် - ယတြ - နတ်မေးခြင်း -
ဓါတ်ရိုက်ဓါတ်ဆင်ခြင်း စသော ရှရစ်က် - ကာဖွရ် - ဗစ်ဒ်အတ် နည်းလမ်းများကိုရှောင်ကြည်ရန်အထူးလိုအပ်ပါသည်။

တမန်တော်မြတ် (ဆွ) ၏ဩဝါဒတော်တစ်ခုတွင် (သင်၏ကုလာအုတ်ကြိုးကိုခိုင်စွာချည်နှောင်ပြီးမှ၊ အသျှင်မြတ်ထံတွင် အပ်နှံခြင်းပြုရမည်။) ဟု မိမိတာဝန်နှင့် အသျှင်မြတ်ဝတ္တရားကိုခွဲခြားမိန့်ဆိုထားပါသည်။ ထို့ပြင် (အတ်စ် စအ်ယို့၊ မင်န်နီ်၊ ဝလ်အစ်တ်မာမို့၊ မေနောက်လ္လာဟ် - ကြိုးပမ်းမှူသည် တို့တာဝန်၊ အောင်မြင်မှူသည် အသျှင်မြတ်ထံမှဖြစ်သည်။) ဟုဟဒီးဆ်တော်တွင် ဆုံးမတော်မူထားလေသည်။ (အကြင်သူ့အတွက်ဒိုအာ၏ တံခါးကိုဖွင့်ပေးလျှင် ထိုသူ့အတွက် (ရဟ်မတ်) ဂရုဏာတော်၏ တံခါးလည်းဖွင့်ပြီးလေပြီ) ဟု ဟဒီးဆ်မိန့်ခွန်းတော် တွင်ပါရှိလေသည်။

ဆေးဝါးဖြင့် ရာဂါကိုကုစားခြင်းသည် (စန္နတ်) ဖြစ်သကဲ့သို့၊ ဒိုအာ ဖြင့်ကုစားခြင်းသည်လည်း (စန္နတ်) ဖြစ်လေသည်။


وَنُنَزِّلُ مِنَ الْقُرْآنِ مَا هُوَ شِفَاءٌ وَرَحْمَةٌ لِّلْمُؤْمِنِينَ
(ဝ-နို့ နတ်ဇေ့လို့၊မေနလ် ကုရ်အာန်နေ့၊ မာဟို့ဝ၊ ရှေဖွာအွန်ဝ်၊ ဝရ်ဟတွလ်၊ လင်လ် မုအ်မေ့နီးန်)
ကုရ်အာန် အပိုင်း ၁၅၊ အခန်း ၁၇၊ အပိုဒ် ၈၂။

(ငါအသျှင်သည် ကုရ်အာန် ကျမ်းတော်မြတ်ကို ထုတ်ပြန်ပေးသနားတော်မူ၏။ ထိုကျမ်းတော်မြတ်ပါ အာယတ် တော်များသည်၊ ယုံကြည်သူတို့အဖို့စိတ်နှလုံး
ကည်လင်ချမ်းသာ စေသောဆေးဖြစ်၏၊ သုခချမ်းသာလည်းဖြစ်၏) ဟုပါရှိလေသည်။


ادْعُونِي أَسْتَجِبْ لَكُمْ
(အွတ်ဒ်အူနီ၊ အတ်စ် တဂျစ်ဗ်၊လကွန်မ်)
ကုရ်အာန် အပိုင်း ၂၄၊ အခန်း ၄၀၊ အပိုဒ် ၆၀။

(ငါအလ္လာဟ် အသျှင်မြတ်ထံတွင်၊ အသင်တို့ လိုအပ်သော ဆုပတ္ထနာကို တောင်းခံကြကုန်လော့၊ ငါအသျှင်မြတ် ဖြေ့စွမ်းတော်မူမည်။


أُجِيبُ دَعْوَةَ الدَّاعِ إِذَا دَعَانِ
(အိုဂျီးဗို့၊ ဒအ်ဝတပ်ဒ် - ဒါအေ့၊ အေသာ၊ ဒအာနေ့)
ကုရ်အာန် အပိုင်း ၂၊ အခန်း ၂၊ အပိုဒ် ၁၈၆။
(ငါ၏ အထံတော်၌ ငါ့အား ကျိုးနွံသူ၏ တောင်းဆုကို ငါပေးသနားတော်မူ၏။

ကုရ်အာန်ကျမ်းမြတ်ပါ အာယတ် (ဝါ) ဒိုအာဆုမွန်များသည်၊ လောကီ လောကုတ္တ္တရာနှစ်မျိုးနှစ်ဌာနစလုံးအတွက် အကျိုးကျေးဇူးများစွာရှိလေသည်။ ထို့ကြောင့်ဒိုအာသည်အားလုံးသော စီမံကြံစည်လုပ်ဆောင်ချက်များထက်ပိုမိုကျေးဇူးရှိလေသည်။ ဘေးဒုက္ခမရောက်မီ ကြိုတင်၍ ဒိုအာဆုမွန်တောင်းထား
ခြင်းအား ဖြင့်ဘေးဒုက္ခကပ်ရောက်ခြင်းမရှိနိုင်ချေ။ ဆုတောင်းပြည့်ခြင်း၏ ပုံသဏ္ဌာန် တစ်ခုမှာကျရောက်မြည့်ဘေးဘယာများကို ထိုဒိုအာကြောင့်ကွယ်ပျောက်သွား
ခင်းပင်ဖြစ်လေသည်။ ထို့ကြောင့်ဆုမွန်တောင်းပြီးနောက်၊ ဆုတောင်းပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ၊ အထင်မမှားသင့်ပေ။ အချို့ဆုကိုချက်ချင်း၊ အချို့ကို ရက်တစ်ပတ်၊ အချို့ကိုတစ်လ၊ ရက်ပေါင်း ၄၀၊ တစ်နှစ်၊ ၁၀နှစ်၊ နှစ်ပေါင်း ၄၀ ကြာမှအလိုပြည့်ကြောင်း၊ အချို့ကို ကေယာမတ်နေ့တွင်မှပြည့်စုံစွာ ပေးလိမ့်မည် ဖြစ်ပေကြောင်း။ အလ္လာဟ် အသျှင်မြတ်သည် နဘီတမန်တော်များနှင့်လူသားများ ၏ (ဆွအ်ဘလ်) သည်းခံမှူကိုလည်းစမ်းသပ်သည်
ဖြစ်ကြောင်း။ ထိုအကြောင်းများကြောင့် ဒိုအာတောင်းခြင်းကိုလုံ့လမလျှော့အပ်၊ မမေ့အပ်၊ ဒိုအာတောင်းခြင်းဖြင့်ဆုံးရှုံးနစ်နာမှူမည်သို့မှမရှိချေ။

ယင်းသို့ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးဆ်ဩဝါဒတော်ကျမ်းများတွင် အကျိုးကျေးဇူးများ ကြောင်း ပါရှိသည့် (အေဗာဒတ်) ကို၊ ကွန်ုပ်တို့ ကောင်းစွာလေ့လာနားလည်ပြီးကျင့်သုံးကြရန်ထိုက်ပေကြောင်း။

ကွန်ုပ်၏ ယုံကြည်မှူ၊ အတွေ့အကြုံများကို မြတ်ဆုမွန် ဒိုအာစာအုပ်မှ ကုရ်အာန်အာယတ်တော်များ၊ ဟဒီးဆ်ဩဝါဒတော်များ နှင့်အတူ ကောက်နှုတ် တင်ပြလိုက်ပါသည်)

မေတ္တာရှေ့ထားလျှက်။

2 comments:

Ju K. said...

W Salam (WBT)
Thank you for your comment and also for the link.
I will link your blog to my blogroll.
I think if you can make the background colour of your blog lighter and use the font colour as black or blue will be better.
I hope you do not mind the sincere suggestion.
May Allah reward you for your good deeds.
regards,
Kyaw Kyaw oo

Ju K. said...

Dont Change your blog contents and template and widgets.
All are very informative and nice.
regards,
Kyaw Kyaw Oo