---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Monday, September 21, 2009

သမ္မတ ဘရက်အိုဘားမား၏ အီးဒ် နှုတ်ခွန်းဆက် သ၀ဏ်လွှာ

OBAMA Pictures, Images and Photosအမေရိကန် ပြည်ထောင်စု ၏သမ္မတ ဘရက်အိုဘားမားသည် စနေနေ့က အီးဒ် နှုတ်ခွန်းဆက် သ၀ဏ်လွှာ ကို အိမ်ဖြူတော် ၌ ထုတ်ပြန်ခဲ့သည်။

““အမေရိကန် ပြည်ထောင်စု နှင့် ကမ္ဘာ တစ်ဝှမ်းလုံးရှိ မွတ်စလင်မ် များ၏ ရာမာဒါန် ဥပုသ် သီလ စောင့်ထိန်းခြင်း လ ကုန်ဆုံးသဖြင့် အီးဒ် ပွဲတော် နေ့သို့ရောက်ပေပြီ။ ကျွန်ုပ် နှင့် မီရှဲလ် တို့သည် ဤ ၀မ်းမြောက်ဖွယ် နေ့ရက် အတွက် နှုတ်ခွန်းဆက်သလိုက်ပါသည်။ အီးဒ် နေ့သည် နေ့ညရက်ပေါင်း ၃၀ သီလ စောင့်ထိန်းခဲ့ခြင်း ပြီးဆုံး သောနေ့ဖြစ်ပါသည်။ ပွဲတော်တွင် ပျော်ရွှင်နေကြသည့်တိုင် မွတ်စလင်မ် တို့သည် မိမိတို့ထက် ပို၍ ဆင်းရဲသော၊ ငတ်မွတ် ခေါင်းပါးနေသော၊ ပဋ္ဋိပက္ခ များနှင့် ရင်ဆိုင်နေရသော၊ ရောဂါ ဘယ ဖြစ်ပွားနေသော မွတ်စလင်မ် များ အတွက် သောက ရှိကြပေသည်။ ဥပုသ် လ တစ်လလုံးတွင် မွတ်စလင်မ် လူမှု အသိုင်းအ၀ိုင်းသည် zakat-ul - fitr ကို ကောက်ခံ ၍ ရထိုက်သူများ အား ဝေငှ ခဲ့ကြပေသည်။ ထို့ကြောင့် ဆင်းရဲသူများ လည်း ဤ ပွဲတော်ကို ဆင်နွှဲနိုင် ကြပေသည်။ ကိုင်ရိုတွင် ကျွန်ုပ် ပြောခဲ့သကဲ့သို့ ကျွန်ုပ် ၏ အစိုးရအဖွဲ့သည် မွတ်စလင်မ် တို့အား ရာမာဒါန် လတွင်သာမက တစ်နှစ်ပတ်လုံး လူမှုရေး အလှူအတန်းများ ဖြည့်ဆည်း လုပ်ကိုင်နိုင်ရန် အတွက် ကူညီဆောင်ရွက် ပေးသွား မည်ဖြစ်ပါသည်။ အမေရိကန် နိုင်ငံသား များကိုယ်စား အမေရိကန် ပြည်ထောင်စုရှိ မွတ်စလင်မ် များနှင့် တကွ တစ်ကမ္ဘာ လုံးရှိ မွတ်စလင်မ် အပေါင်း တို့အား ဤ ပွဲတော် အခါသမယ အတွက် မင်္ဂလာ ရှိပါစေကြောင်း ကျွန်ုပ်တို့က မေတ္တာ ပို့သ နှုတ်ခွန်းဆက်ပါသည်။ Eid Mubarak.”

အိမ်ဖြူတော်၏ ပြည်သူ့ ဆက်သွယ်ရေးဌာန ဒုတိယ တွဲဖက်ညွှန်ကြားရေးမှူး D. Paul Monteiro က သမ္မတ ဇနီးမောင်နှံ ထုတ်ပြန်သော သ၀ဏ်လွှာကို အိမ်ဖြူတော် ၀က်ဘ်ဆိုက်တွင် တင်ထားခြင်းဖြစ်ပါသည်။

Ref; www.whitehouse.gov
Copy from www.hikmah.info.com

No comments: