---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Sunday, April 25, 2010

*ရစူလွလ္လာဟ်(ဆွ) ထံ အီဗလီးစ်ရောက်ရှိလာခြင်း။*

အအူသို့၊ ဗစ်လ္လာဟေ့၊ မေနတ်ရှ် - ရှိုင်တွာန်နစ်ရ် ရဂျီးမ်။
ဗစ်စ် မစ်လ္လာ၊ ဟစ်ရ် ရဟ်မာ၊ နစ်ရ်-ရဟီးမ်။


ရစူလွလ္လာဟ်(ဆွ) ထံ အီဗလီးစ်ရောက်ရှိလာခြင်း။

တစ်နေ့တွင် ရစူလွလ္လာဟ် (ဆွ) နှင့်အတူ ဆွဟာဗာသာဝကများဖြစ်ကြသော မူအာ့စ် အိဗ်နု ဂျဘာလ်၊ အိဗ်နု အာဗားစ်၊ အုမားရ်၊ အိဗ်နု အလ်ခေါ့ဒ်ဒေါ့ဗ် ရသွေအောက်လ္လာဟို့အန်ဟို တို့သည် မဒီနာမြို့တော်ရှိအန်ဆွားရ် လူမျိုး၊ မိတ်ဆွေတစ်ဦး၏အိမ်တွင်အတူတကွ
ရှိနေကြစဉ်.....

အိမ်အပြင်မှ သူတစ်ယောက်တံခါးလာခေါက်သံကို
ကြားလိုက်ကြသည်။

(အိမ်ရှင်တို့ကျေးဇူးပြု၍ကျုပ်ကိုအထဲဝင်ခွင့်ပြုပါ။)

ရစူလွလ္လာဟ် (ဆွ) က ဆွဟာဗာများကို (အသင်တို့အပြင်မှာတံခါး ခေါ်က်နေသူသည်မည်သူလဲဆိုတာသိကြပါ၏လော။)

ဆွဟာဗာများက (အလ္လာဟ် နှင့် တမန်တော်သာသိပါလိမ့်မည် ဟုဖြေကြပါသည်။)

ရစူလွလ္လာဟ် (ဆွ) ကမည်သူလဲဆိုတာအသင်တို့အားလုံးသိချင်လျှင်.....ထိုသူသည်အလ္လာဟ့်ကျိန်စာသင့်ထားသောအီဗလီးစ်ပင်တည်း။

အုမားရ် = အိုး ရစူလွလ္လာဟ် ထိုသို့ဆိုလျှင် ကျွန်ုပ်အားသူ့ကိုသွားသတ်
ခွင့်ပေးတော်မူပါ။

ရစူလွလ္လာဟ် (ဆွ) = အာ.....အသင်တို့အားလုံးမသိကြလေသလော။ ဤသည်မဖြစ်နိုင်သောအရာပင်။ အလ္လာဟ်အသျှင်မြတ်က ၎င်းအားကမ္ဘာဆုံးသည့်တိုင်အသက်ရှင်သန်ခွင့် အချိန်ပေးထားလေသည်။ တံခါးသွားဖွင့်လေ။ အလ္လာဟ်အသျှင်မြတ်၏အမိန့်တော်
ကြောင့်ကျွန်ုပ်ထံလာခြင်းဖြစ
်လိမ့်မည်။ သို့ပါ၍ အသင်တို့သူဘာပြောမလဲ အကဲခတ်ကြည့်ကြ၍ သေသေချာချာနားထောင်ကြလေကုန်။

အပြည့်အစုံဖတ်ရန် http://islam-yaungche.blogspot.com/2008/12/blog-post_25.html

No comments: