---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Saturday, January 31, 2009

အိမာမ်အအ်ဇွမ်အဗူဟနီဖဟ်၏ ငယ်စဉ်ကာလ ဇ၀နဥာဏ်

  • မော်လာနာ ဆိုင်ယဒ်အဆ်ွဂရ်ဟုစိုင်န် (ဟဇရသ်မြားဆပ်) ရေသည်မှာ ရောမဘုရင်သည်ပညာရှိပါဒရီးတစ်ဦး
  • ဥစ္စာပစ္စည်းများနှင့်တကွ ဘဂ္ဂဒက်သို့ စေလွှတ်ကာရောက်သည်နှင့်သို့ကြေ
  • ငာလေသည်။
  • ကျွန်ုပ်ရဲ့မေးခွန်းလေးခွန်းကို ဖြေကြားမြည်ဆိုပါက ၎င်းရဲ့ ဒီးန်သာသနာကို လက်ခံမည့်အပြင်ယူဆောင်လာသော
  • ပစ္စည်းများကိုလည်းချီးမြှင့်မည်။ အကယ် ကျွန်ုပ်ရဲ့ မေးခွန်းကိုမဖြေကြားနိုင်ပါ
  • ကကျွန်ုပ်ရဲ့သာသနာကိုလက်ခံရမည့်အပြင် ကျွန်ပ်တို့ကိုအခွန်ဆောင်နေထိုင်ရမည်။
  • ဤကြေငြာချက်သည် ဘဂ္ဂဒက်နေပြည်တော်အတွက် ရာဇသံသဖွယ်ပျံ့နှံ့သွား၏
  • ၎င်းပါဒရီသည်လမ်းလေးခွစုံတွင် ပလ္လင်ခင်း သုံးရက်တိုင်ထိုင်ကာ ဆက်တိုက်ဟစ်ကြွေးနေသော်လည်းပြည့်စုံသဘာဝကျသော အဖြေကို မည်သူမျှမတင်ပြနိုင်ချေ။
  • ၀င်လာမစဲ ပရိသတ်တွင် အသက်အားဖြင့် (၇)နှစ်အရွယ်သာရှိသည့် ကလေးငယ်က မိမိဖခင်
  • အား ကျွန်တော်ကို ခွင့်ပြုပါ။ ကျွန်တော်သွားဖြေကြားပါမည်ဟု ပြောသော်လည်း ဖခင်က ဘယ်သူမှမဖြေနိုင်တာ၊ မင်းကဘာဖြေတတ်မှာလဲဟု ပြောလိုက်၏။ ကလေးငယ်မှာအတန်တန်ခွင့်တောင်းနေသည်။ ဖခင်ကမူတိတ်တိတ်နေပါ အာလင်မ်များရှေ့
  • မှာ မင်းဘာအဆင့်ရှိလို့လဲ
  • စသဖြင့် ပြောကြားနေ၏။
  • ကလေးသည် ဖခင်ခွင့်မပြုသော်လည်း ဖခင်၏အလစ်တွင် ထွက်လာပြီး ပါဒရီ ရှေ့သိုရောက်သွား
  • သဖြင့် အံ့သြမဆုံးဖြစ်သွားလေသည်။ ပါဒရီက သူငယ်လေး အဖြေပေးမှာလား။ ကလေးငယ်ကဟုတ်ပါတယ်။ တကယ်ဖြေမှာပါဒါပေမယ့်မေးမြန်းသူထက်ဖြေ
  • ကြားသူကအဆင့်မြင့်ပါတယ်။ ဒီတော့ခင်ဗျားအောက်ဆင်း၍မတ်တတ်ရပ်ပေးပါ။
  • ကျွန်တော်ကပလ္လင်ပေါ်ထိုင်ပြီး ဖြေကြားပါမည်ပြောကြား၏။ ပါဒရီက ကောင်းပါပြီ ကျုပ်ဆင်းပြီး
  • တော့ မတ်တတ်ရပ်မေးပါမယ်။ မောင်ရင်ကပလ္လင်ပေါ်တက်ထိုင်၍ ဖြေကြားပါ။
  • ပါဒရီ - အလ္လာဟ်ထက်အလျင် ဘာရှိခဲ့သလဲ။
  • ကလေးငယ် - ဂဏန်းစဉ်ရေတွက်တတ်သလား၊ တတ်ရင်ရွတ်ပြပါ။
  • ပါဒရီ - - - တစ်၊နှစ်၊သုံး၊လေး၊ငါး
  • ကလေးငယ် - ပြန်ရွတ်စမ်း
  • ပါဒရီ - - - တစ်၊နှစ်၊သုံး၊လေး၊ငါး
  • ကလေးငယ် --- တစ်ထက်အလျင် ဘာရှိသလဲ
  • ပါဒရီ - တစ်ထက်အလျင် ဘာမှမရှိပါ၊ တစ်မှ စတင်ရေတွက်ရပါတယ်။
  • ကလေးငယ် --- လူသုံးတဲ့အရေအတွက်မှာတောင် တစ်ထက်အလျင် ဘာမှမရှိရင်သောင်ဟိဒ်၊ အရှင်မြတ်ထက် အလျင် ဘာရှိနိုင်မှာလဲ။
  • ပါဒရီ --- ( အဖြေသည် ပြည့်စုံနေသဖြင့် ) မှန်ပါတယ်။ ကောင်းပြီ ဒုတိယ မေးခွန်း။
  • ကဲ ယခုအလ္လာဟ် ဘယ်မှာလဲ။
  • ကလေးငယ်---အသင့်ခန္ဓာကိုယ်ထဲ၌ ရူဟ်ဝိညာဉ်ဘယ်မှာရှိသလဲ
  • ပါဒရီ --- ၀ိညာဉ်ဆိုတာ တစ်နေရာထဲမရှိပါ။ ခန္ဓာကိုယ်ရဲ့
  • နေရာအနှံ့မှာရှိပါတယ်။
  • ကလေးငယ်--- ရူဟ်ဝိညာဉ်ဆိုတာ အရှင်မြတ်ရဲ့အမိန့်တော်အရဖြစ်ပါတယ်။သက်ရှိတိုင်းမှာ
  • ၀ိညာဉ်ရှိပါတယ်။ ဒါကိုဘယ်နေရာရှိမှန်း အသင်မသိရင်ရူဟ်ရဲ့ပိုင်ရှင်ဖြစ်တဲ့အလ္လာဟ်ကိုသီးခြားတစ်နေရာမှာရှိတယ်လို့ ဘယ်လိုပြနိုင်မလဲ။
  • အရှင်မြတ်ကတော့ နေရာအနှံ့မှာရှိနေပါတယ်။
  • ပါဒရီ --- (မဖြေကြားနိုင်သဖြင့်) အသင်ပြောတာမှန်ပါတယ်၊ကောင်းပြီး တတိယ မေးခွန်း
  • အရှင်မြတ်က ဘယ်ဘက်ကိုမျက်နှာမူနေသလဲ။
  • ကလေးငယ်--- ဆီမီးလင်းလာရင် ဘယ်ဘက်ကို မျက်နှာမူသလဲ။
  • ပါဒရီ---ဘက်တိုင်းကို မျက်နှာမူပါတယ်။ တစ်ဘက်ဘက်ကို လှည့်တာမရှိပါ။
  • ကလေးငယ်---သင်္ခါရဖြစ်တဲ့ ဆီမီးတောင် ဘက်တိုင်းကို အလင်းဆောင်တယ်ဆိုရင်
  • မိုးမြေတို့ရဲ့ အလင်းဟာ ၎င်းအရှင်မြတ်ရဲ့ အလင်းသာဖြစ်ကြောင်း
  • အစဉ်ထာဝရ တည်ရှိတော်မူသော အရှင်မြတ်သည်လည်းမည်သည့်
  • ဘက်သို့ မျက်နှာလည့်ထားသည်ဟု ဆိုနိုင်ပါ့မလား။
  • ပါဒရီ နှုတ်ပိတ်သွားသည့်အဖြေဖြစ်သဖြင့် မေးခွန်းမထုတ်နိုင်ဘဲ ဆိုင်းငံ့တွေဝေသွား၏။
  • ထိုးအခါ ကလေးငယ်ကပင် စတုတ္ထမေးခွန်းလည်း မေးပါဟုဆိုနေရာ
  • ၎င်းကအလ္လာဟ်ယခု ဘာလုပ်နေလဲ။
  • ကလေးငယ် - အသင်ကဲ့သို့ သက်ရွယ်ကြီး၊သောင်ဝ်ရသ်၊အင်န်ဂျီလ်ရဲ့ ပညာရှင် ခိုဒါသုံးပါး
  • လက်ခံ့သူကို ပလ္လင်ပေါ်မှအောက်ချကာကျွန်တော်ကဲ့သို့သော ငယ်ရွယ်သူ အရှင်တစ်ပါး
  • တည်းကို လက်ခံ့သူ၊ကျောင်းသာ အဆင့်ရှိသူကိုပလ္လင်ပေါ်တင်တော်မူသည်။
  • ရူမီပါဒရီသည် မိမိကတိအတိုင်း ကလိမဟ်ဖတ်လိုက်သည်။ ပရိသတ်လည်း တစ်မြို့လုံးရဲ့
  • သိက္ခာကို ဆယ်ခဲ့တဲ့ ကလေးငယ်ရဲ့ အမြှော်အမြင် ညဏ်ရည်ထက်မြက်မှု အရည်အချင်းပြည့်ဝမှုများကြောင့် အံ့သြမဆုံးဖြစ်ကာ ၀မ်းသာကြည်နူးသွားကြလေသည်။
  • ယင်းကလေးငယ်ကား မည်သူနည်း၊နောင်တစ်ချိန်တွင် မုဟဒ်ဒီစ်များ၏ ခေါ်င်ဆောင်
  • အိမာမ်အအ်ဇွမ် အဗူဟနီဖဟ် သာဗိအီပင် ဖြစ်ပေသည်။

  • ကောက်နှုတ်တင်ပြသူ
  • အလ်ဟာဂ်ျ မော်လာနာ ဟာဖိဇ် အဗ်ဒွလ်ကာဒိရ် (မဟ်မူဒီ)
ဒီ post ပေးပို့သူ ကိုအောင်ကိုလတ် အားအထူးပဲကျေးဇူးတင်ပါတယ်။

No comments: