---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Sunday, February 1, 2009

အကြင် ဥယာဉ်


အခါတစ်ပါး၌
အလွန်သာယာလှပသော

ပန်း
ဥယာဉ်သည် တစ်ဘက်ကမ်းမှ
မြင့်မိုရ်တောင်တွင် တည်ရှိ၏။

ထိုအခါဝယ်
ကျွန်ုပ်တွင် လှေတစ်စင်းရှိ၏

သို့သော် တက်မ မရှိ။


အားနွဲ့သောလက်တစ်စုံသည်
ကာလကြာ တက်မတစ်စုံကိုဖန်တီး၏။
၎င်းလှေအား
ခန္တီပင်လယ်၌ လှော်ခတ်
ထိုဥယာဉ်သို့ရောက်သော်
လှရောင်စုံ ပန်းမာလာများကို
ပွေ့ပိုက်ရှူရှိုက်၏

သို့သော် ရနံ့ မရှိ။

အဘယ်ဥယာဉ်သည်

စမ်းချောင်း၊ နို့ရည်ချောင်း၊
ပျားရည် ချောင်းများနှင့်
တသွင်သွင် စီးဆင်းနေသော
အသျှင့်ဂရုဏာနှင့် ပြီးပြည့်စုံသော ဥယာဉ်လောက်
အဘယ်သာ အေးမြသာယာပါအံ့နည်း .....။

(ဟာလီမာ)

No comments: