---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Thursday, August 20, 2009

ရမ်ဇာန်လမြတ်၌ သရာဝီဟ်နမာဇ်ဝတ်ပြုခြင်း၏ အကျိုးကျေးဇူးတော်များ

ဟဇ်ရသ် အလီ (ရသွေ့) ဆင့်ပြန်သည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် မဟာတမန်တော်မြတ် (ဆွ) ထံ ရမ်ဇာန်လမြတ်၌ သရာဝီဟ်နမာဇ်ဝတ်ပြုခြင်း၏အကျိုးကျေးဇူးနှင့်ပတ်သက်၍ လာရောက်မေးမြန်းမှုကို မိန့်ကြားတော်မူသည်မှာ…. ‘အကြင်သူသည် လမြတ်ရမ်ဇာန်၌ သရာဝီဟ်နမာဇ်ဝတ်ပြုပါက မိခင်ဝမ်းကြပ်အတွင်းမှ မွေးဖွားသန့်စင်လာသော ကလေးပမာ အပြစ်ဂုနဟ်အပေါင်းမှ ကင်းစင်သွားမည်။

၁။ တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် မိခင်ဝမ်းကြပ်အတွင်းမှ မွေးဖွားသန့်စင်လာသကဲ့သို့ အပြစ် (ဂုနဟ်) အပေါင်းမှကင်းစင်တော်မူလိမ့်မည်။
၂။ နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ၎င်းနှင့်တကွမိဘနှစ်ပါးလုံး (အီမာန်ရှင်) ဖြစ်ပါက အပြစ် (ဂုနဟ်) အပေါင်းမှ ချမ်းသာလွတ်ငြိမ်းခွင့်ရရှိလိမ့်မည်။
၃။ သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်၏ (အရ်ရှ်) ပလ္လင်တော်အောက်မှ ကောင်းကင်တမန်တစ်ပါး ကြွေးကြော်မည်မှာ “အို-အီမာန်ရှင် သင်ရဲ့ (အအ်မာလ်)ကို အလ္လာဟ်အရှင်မြတ်အတွက်သာပြုကျင့်ပါမူ သင်၏ယခင်မကောင်းမှုများအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူလိမ့်မည်။
၎။ လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကောင်းကင်ကျကျမ်းကြီးများဖြစ်သော (၁) သောင်ရားသ်ကျမ်း (၂) အင်န်ဂျီလ်ကျမ်း (၃) ဇဗူရ်ကျမ်း (၄) ကျမ်းတော်မြတ်ကုရ်အာန်ကျမ်းများကို သိလာဝသ်ပြုသကဲ့သို့ အကျိုးကျေးဇူးတော်များ ရရှိပေမည်။၅။ ငါးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် မတ်စ်ဂျိဒေဟရာမ် နှင့် မတ်စ်ဂျိဒေအက္ကဆွာဗလီဝတ်ကျောင်းတော်ကြီးများ၌ နမာဇ်ဝတ်ပြုသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။
၆။ ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဗိုင်သွလ်မအ်မူးရ်ကျောင်းတော်ကြီးကို သ၀ါးဖ်ပြုသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။
၇။ ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် တမန်တော်မူစာ (အလိုင်း) နှင့် ဖိရ်အောင်န်၊ ဟာမန်တို့ စစ်ဖြစ်ပွားချိန် တမန်တော်မူစာ (အလိုင်း)၏ ဘက်မှ ပါဝင်ကူညီသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။
၈။ ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်က တမန်တော် အိဗ်ရာဟီးမ် ခလီလွလ္လာဟ်အား ချီးမြှင့်မှုမျိုးကို ချီးမြှင့်ခြင်းခံရပေမည်။
၉။ ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိုယ်တော်မြတ် (ဆွ)သခင်၏ သက်တမ်းတော်နှင့်အညီအမျှ ကုသိုလ်အကျိုးစ
ဝါးဗ်များ ချီးမြှင့်ခြင်းခံရပေမည်။
၁၀။ ဆယ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် လောကတစ်ခွင်လုံးထက် သာပို၍ကောင်းမြတ်သောအရာကို ချီးမြှင့်ခြင်းခံရပေမည်။

၁၁။ ဆယ့်တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် စစ်မှန်သောမုအ်မင်န်ဖြစ်ပါက လောကမှ အီမာန်နှင့်တကွခေါ်ယူသော အဆင့်အတန်းမျိုးရရှိပေမည်။
၁၂။ ဆယ့်နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့တွင် ၎င်းသူ၏မျက်နှာမှာ လပြည့်ဝန်းပမာ လင်းဝင်းတောက်ပသော အဆင့်အတန်းမျိုးရရှိပေမည်။
၁၃။ ဆယ့်သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့တွင် မကောင်းမှုအပေါင်းမှ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရပေမည်။
၁၄။ ဆယ့်လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့ ၌ ထိုသူအား ၎င်းသရာဝီဟ်နမာဇ်ကပင် သက်သေခံတော်မူပေမည်။ ထို့ကြောင့် ၎င်းသူအား စစ်ဆေးမေးမြန်းခြင်းမရှိ ဂျန္နတ်သုခဘုံသို့ ၀င်ရောက်ရပေမည်။
၁၅။ ဆယ့်ငါးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်၏ အရ်ရှ်ပလ္လင်တော်ကို ထမ်းထားသော ဖရိရှ်သဟ်များသည် ၎င်းသူအတွက် အရှင်မြတ်ထံတော်ပါး၌ ရဟ်မသ်တော်များ တောင်းခံပေးသနားတော်မူပေမည်။
၁၆။ ဆယ့်ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျဟန္နမ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး ဂျန္နတ်သုခဘုံအတွင်းသို့ ၀င်ရောက်စေတော်မူပေမည်။
၁၇။ ဆယ့်ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အမ်ဗေရာ (အလိုင်း)များ၏ အဆင့်အတန်းမျိုးရရှိပေမည်။
၁၈။ ဆယ့်ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် သင်နှင့် သင်၏မိဘနှစ်ပါးစလုံးကို အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူပေမည်။
၁၉။ ဆယ့်ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်တွင် ၎င်းရရှိသောအဆင့်အတန်းထက်သာပို၍ တိုးမြှင့်ပေးခြင်းခံရပေမည်။
၂၀။ နှစ်ဆယ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် “ရှဟီဒီ” သာသနာ့သူရဲကောင်း “ဆွာလေဟီးန်” သူမွန်သူမြတ်များကဲ့သို့ ကုသိုလ်ချီးမြှင့်ခြင်းခံရပေမည်။

၂၁။ နှစ်ဆယ့်တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်သုခဘုံတွင် ၎င်းသူအတွက် “နူရ်” အလင်းရောင်ဖြင့်ပြုလုပ်ထားသော ဂေဟာတစ်ခု ချီးမြှင့်ခြင်းခံရပေမည်။
၂၂။ နှစ်ဆယ့်နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်ကမ္ဘာ့တစ်ရားခွင်နေ့တွင် ၎င်းအား သောကအပေါင်း စိုးရိမ်မှုအပေါင်းမှ ကင်းဝေးစေတော်မူပေမည်။
၂၃။ နှစ်ဆယ့်သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်သုခဘုံတော်အတွင်း မြို့ကြီးတစ်မြို့ ချီးမြှင့်ခြင်းခံရပေမည်။
၂၄။ နှစ်ဆယ့်လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် (၂၄)မျိုးသော တောင်းဆုများကို ကဗူလ်ပြု လက်ခံတော်မူပေမည်။၂၅။ နှစ်ဆယ့်ငါ်းရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် “ကဗရ်” အဇားဗ်ပြစ်ဒဏ်အပေါင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းခံရပေမည်။
၂၆။ နှစ်ဆယ့်ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ၎င်း၏သက်တမ်းအပြင် နှစ်ပေါင်းလေးဆယ်သာပို ၍ အကျိုးစ၀ါးဗ် ချီးမြှင့်ခြင်းခံရပေမည်။
၂၇။ နှစ်ဆယ့်ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူအား “ပွလ်ဆွေရားသ်” တံတားပေါ်မှ မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်း ဖြတ်သန်းခွင့်ပြုခြင်းခံရပေမည်။
၂၈။ နှစ်ဆယ့်ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်ဥယျာဉ်တော်တွင် ထပ်ဆင့်တိုးမြှင့်တော်မူခြင်းခံရပေမည်။
၂၉။ နှစ်ဆယ့်ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ် ကဗူလ်ပြုလက်ခံတော်မူသော ဟဂ်ျအကြိမ်ထောင်ပေါင်းများစွာပြုသကဲ့သို့ အကျိုးကျေးဇူးတော်များရရှိပေမည်။
၃၀။ သုံးဆယ်ရက်ညမြောက်၌ သရာဝီဟ်နမာဇ်မပျက်မကွက်ဝတ်ပြုသူအား အရှင်မြတ်မိန့်တော်မူမည်မှာ “အို-ငါအရှင့်ဗန္ဒဟ်၊ သင် ဂျန္နတ်သုခဘုံအတွင်းမှ မည်သည့်သစ်သီးဝလံမျိုးကိုမဆို စားသုံးလော့၊ စလ်စဗီးလ်ရေဖြင့် ရေချိုးလော့၊ ကောင်စရ်ရေကို သောက်သုံးလော့၊ သင်၏အရှင်သခင်သည် ငါအရှင်မြတ်သာလျှင်ဖြစ်တော်မူသည်။ သင်သည် ငါ၏ဗန္ဒဟ်ကျေးကျွန်ဖြစ်သည်။

မုစ်လင်မ်အပေါင်းတို့အတွက် အလွန်အရေးကြီးပါသည်။ လမြတ်ရမ်ဇာန်မှာ (သရာဝီဟ်) နမားဇ်ကို စွဲမြဲစွာဖတ်ကြပါ။ ဘယ်သောအခါမှ ပျင်းရိ၍ မစွန့်လွှတ်သင့်ပေ။ မကောင်းမှုလုပ်ရပ်များကို စွန့်လွှတ်ပြီး အရှင်မြတ် နှစ်သက်တော်မူသောအရာများကို ပြုလုပ်ဆောက်တည်နိုင်စွမ်းပေးသနားတော်မူပါစေ။
ဤစာကို ၀င်ရောက်ဖတ်ရှုသောသူအားလုံးသရာဝီဟ်နမာဇ်ကိုအပြည့်အ၀၀တ်ပြုနိုင်စွမ်းပေးသနားတော်မူပါစေ။ ( အာမီန်း )


Special thanks to brother Ko Kyaw Zeyar Oo

No comments: