---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည
်

Friday, April 24, 2009

တမန်တော်အာဒမ် (အ) သခင် - ဟောက်ဝါ (အ) သခင်မ/တမန်တော် ရှိုအိုက်ဗ် (အ) တို့တောင်းခံသော ဆုပတ္ထနာ

တမန်တော်အာဒမ် (အ) သခင် - ဟောက်ဝါ (အ) သခင်မတို့ အပြစ်မှ ချမ်းသာရရန်တောင်းခံသောဆုနှင့် တမန်တော် ရှိုအိုက်ဗ် (အ) သခင်တောင်းခံသော ဆုပတ္ထနာ။
ဒိုအာကိုထင်ထင်ရှားရှားဖတ်ရှူရန် ဒီမှာ ကလစ်ပြီးဖတ်ပါ။ မြတ်ဆုမွန်ဒိုအာစာအုပ်မှ တင်ပြပါသည်။

Wednesday, April 15, 2009

အသိပေးချက်

ဒီဘလော့ဂ်ပိုင်ရှင်နှင့် ချစ်သောမွတ်စလင်မ်စာဖတ်ပရိသတ်များ စုံစည်းရာနေရာလေးတစ်ခုလုပ်ထားပါတယ်။ http://noorullah.ning.com/ မှာမန်ဘာဝင်ပြီးတွေ့ကြရအောင်လားရှင်။

မိတ်ဆွေတို့၏ ဂျီမေးလ်လိပ်စာနဲ့ မန်ဘာဝင်ပါ။
အဒ်မင်မှ ၂၄ နာရီအတွင်း ပြန် contact လုပ်ပါလိမ့်မယ်။

လေးစားချစ်ခင်စွာဖြင့်
Muslimah

Monday, April 13, 2009

ကီယာမတ်နီးလျှင်ဖြစ်ပေါ်မည့်လက္ခဏာများ part 3

အထက်ဖော်ပြပါ ဖြစ်ပေါ်မည့် အကြောင်းအရာ လက္ခဏာရပ်များ၏ အမှတ်စဉ်များမှာ စာရှုသူများ လွယ်ကူ စွာနားလည် သဘောပေါက်ရန်အတွက်သာ အမှတ်စဉ်တပ် ရေးသားထားခြင်းဖြစ်သည်။ အထက်ပါ အမှတ်စဉ် အတိုင်း ဖြစ်ထွန်း ပေါ်ပေါက်မည်ဖြစ်ကြောင်း ရည်ညွှန်းခြင်း မဟုတ်ပေ။

(၁) ဒဂ်ျဂျားလ် ထွက်ပေါ်ခြင်း
(၂) ကောင်းကင်ယံမှ လူတိုင်းကြားရမည့် အသံထွက်ပေါ်ခြင်း
(၃) ဆိုဖီယာနီ ပေါ်ထွက်ခြင်း
(၄) မြေပြိုနိမ့်ဝင်ခြင်း
(၅) နဖ်စ်ဇကီယာ အသတ်ခံရမည်ဖြစ်ခြင်း
(၆) စိုင်ယဒ် ဟိုစိုင်န်နီ ပေါ်ထွက်ခြင်း
(၇) ရမ်ဇာန်လလယ်တွင် နေကြတ်၍ ထိုလကုန်ပိုင်းတွင် လငပုတ်ဖမ်းခြင်း တို့ဖြစ်သည်။

ဖော်ပြပါ အကြောင်းအရာများသည် တိကျလက္ခဏာရပ်တွင် ပါဝင်သော အဓိကအချက်များဖြစ်ပြီး အခြား လက္ခဏာရပ်အချို့လည်း ဖော်ပြထားသည်။ သို့သော် အဓိက မကျသည့်အတွက် မဖော်ပြတော့ဘဲ လေ့လာဆန်းစစ် လိုပါက ကျမ်းကြီးများတွင် လေ့လာနိုင်ကြောင်း တင်ပြလိုက်ရပါသည်။

Special thanks to Ko Hla Tun Oo

Wednesday, April 8, 2009

ကီယာမတ်နီးလျှင်ဖြစ်ပေါ်မည့်လက္ခဏာများ part 2

ထို့အပြင် အခြားရေ၀ါယသ်များအဆိုအရ -

(၁) လူခြောက်ဆယ် နဗီအဖြစ် လီဆယ်ကြေညာခြင်း
(၂) စိုင်ယဒ်မျိုးနွယ်မှ (၁၂)ဦး အေမာမ်ဖြစ်ကြောင်း လီဆယ်ကြေညာခြင်း
(၃) သင်္ချိုင်းတွင် မဇ်ဂျစ်ဒ်များ ဆောက်လုပ်ခြင်း
(၄) ဘဂ္ဂဒတ်မြို့ ပျက်ခြင်း
(၅) “ကူဖွာ” မဇ်ဂျစ်ဒ် အုတ်နံရံပျက်ဆီးခြင်း
(၆) “မိုရာ့က်” ယူဖရေးတီးမြစ်ရေ လျှံပြီး ကူဖွာမြို့ရေကြီးခြင်း
(၇) ကူဖွာမြို့ပျက်ပြီး တဖန်စည်ကားခြင်း
(၈) “ဖိုရာ့က်” ယူဖရေးတီးမြစ်မှ “နဂျဖ်”မြို့တွင်း မြစ်လက်တက်အဖြစ် စီးဆင်းခြင်း
(၉) မဇ်ဂျစ်ဒ်၏ ခေါင်းဦးများကို ရွှေများဖြင့် ပြုလုပ်လာခြင်း
(၁၀) ခုနှစ်စင်ကြယ်အမြီးထောင်ပြီး အလင်းတန်းတစ်ခု ထွက်ပေါ်လာခြင်း
(၁၁) ကပ်၊ ဘေးကြီးများကျရောက်ခြင်း
(၁၂) ရောဂါဆန်းများ ပေါ်ပေါက်ခြင်း
(၁၃) ငလျင်ကြီးများ တုန်လှုပ်ခြင်း၊ မြေကြီးများ နိမ့်ပြိုခြင်း
(၁၄) လှိုင်းကြီး၊ ရေကြီးမှုများ ဖြစ်ပေါ်ခြင်း
(၁၅) “စာဟေဘိုဇန်ဂ်ျ” ဟု ကျော်ကြားသော စိုင်ယဒ်တစ်ဦး၏ လက်ချက်ဖြင့် “ဘာစရာ”မြို့ပျက်စီးခြင်း
(၁၆) တိုက်ပွဲများကြောင့် သေဆုံးဒဏ်ရာရသူ အမြောက်အများရှိလာခြင်းသုံးပုံနှစ်ပုံ လူများ သေကြေပျက်စီးမည်ဟုပင်ဖော်ပြထားသည်။
(၁၇) ကုရ်အာန် အာယသ်တော်များကို ရွှေဖြင့် စီခြယ်လာခြင်း၊ မဇ်ဂျစ်ဒ် မျှော်စင်များကို မြင့်မြင့်မားမား ဆောက်လုပ်လာခြင်း
(၁၈) ယီမင်နိုင်ငံသားတစ်ဦး ပေါ်ထွက်လာပြီး ၄င်းကြောင့် ပြသနာများကြီးထွားလာခြင်း
(၁၉) “အီရန်” နိုင်ငံ “ခိုရာစာန်” မြို့သားတစ်ဦး ပေါ်ထွက်လာပြီး ထိုမြို့ပတ်ဝန်းကျင်တွင် ပြသနာများ ရှုတ်ထွေးပြီး ကျယ်ပြန့်လာခြင်းစသည့် အခြားလက္ခဏာရပ်များလည်း ဖော်ပြထားသည်။

ဖော်ပြပါ လက္ခဏာရပ်များတွင် ဖြစ်ခဲ့သည်များလည်းရှိ၏။ ဖြစ်နေသည်များလည်းရှိ၏။ ဖြစ်လာမည်ဟု ခန့်မှန်းရသည်များလည်းရှိ၏။ ဖြစ်လာမည်ဟု လောလောဆယ် ခန့်မှန်း၍ မရသည်များလည်းရှိ၏။

Special thanks to Ko Hla Tun Oo