---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Thursday, January 14, 2010

ရန်သူ့လူ (မိုနာဖစ်က်)

(မိုနာဖစ်က်)

စပါးကိုဖျက်
သက်ကယ်- မြက်များ
ကပ်လျှက် ညပ်လျှက်
ရှိသော်ငြားလည်း-
စပါးစိုက်ရာ ကွင်းပြင်သာသို့
အဝေးမှကြည့် ထင်မြင်မိသည်
စိမ်းလန်းစိုမြ ကွင်းအလှမှာ
စပါးပင်ချည်း ဖြစ်မည်တည်း။
သာသနာဖျက်
မိုနာဖစ်က်များ
ရောလျှက် ပူးလျှက်
ရှိနေငြားလည်း-
အစ္စလာမ်ရောင်ဝါ ထွန်းလင်းရာသို့
အပြင်မှကြည့် သုံးသပ်မိလျှင်
ငြိမ်းချမ်းမှုဆောင် သာသနာ့ဘောင်၌
မူဆလင်ချည်း ဖြစ်မည်တည်း။
သက်ကယ်-မြက်နွယ်
ပေါင်းမျိုးထည်သော်
ပင်မျိုးစပါး-သိမ်ငယ်သွားလျှက်
မျိုးကောင်းမြေကွက် ပျက်ရသည့်နှယ်---။
ပူးသတ်ရန်သူ- ပေါများထူသော်
အစ္စလာမ့်ရောင်ဝါ မလင်းသာဘဲ
မှေးမှိန်ပျော့တော့ ရ၏တည်း။

ဌေးလွင်ဦး
.
ကဗျာပေးပို့သူ ကိုဌေးလွင်ဦး (Islam Myanmar) အားအထူးဘဲကျေးဇူးတင်ပါတယ်။

No comments: