---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Wednesday, January 20, 2010

အမျိုးသမီး အခွင့်အရေး


ကျမ- ကုရ်အန်ကို မသိမှီ
အစ္စလာမ်ကို ဇဝေဇ၀ါ ဖြစ်ခဲ့။
ရိုးရာအလွှာ-
အကာ အထပ်ထပ်
ရစ်ပတ်- ထွက်မရ။
မိန်းကလေး ဖြစ်ရတာ
ဒုက္ခပါလား။

ကမ္ဘာ့ဘာသာ- ကျမ်းစာတွေ ဖတ်
မိန်းကလေး ဖြစ်ရတာ-
ဘယ်ဘာသာမှာ မြတ်သလဲပေါ့။

ဘုရားဆုပန်ခွင့် မရှိ၊
ပရော်ဖက် ဖြစ်ခွင့်မရှိ၊
ဘာသာတရားက သတ်မှတ်
အမြတ်တကာ့ အမြတ်ဆုံး
မိန်းကလေး- တစ်ယောက်အတွက်
လမ်းဆုံးနေခဲ့။
ကဲ-ဘာကောင်းသေးလဲ
မိန်းကလေး အတွက်၊
ထွက်လမ်းမရှိ၊ ပန်းတိုင်မရှိ၊
လူဖြစ်ရခြင်း ဂုဏ်ရည် နတ္ထိ။

ကုရ်အန်ကို- အပျင်းပြေဖတ်မိ
တွေ့ရှိတဲ့ အသိတွေ ပြောင်းခဲ့တယ်။
လူဟာ ဉာဏ်စဉ် (၀ဟီ) ရတာ အမြင့်ဆုံးတဲ့
အဲ့ဒီအထဲ- မယ်ရယံသခင်မလည်း ပါလေရဲ့။

လူရဲ့ အမြင့်ဆုံးပန်းတိုင်
ဖို-မ မခွဲ အတူတူပဲ ရယ်လို့-
အစ္စလာမ်ကသာ ပေးနေတယ်။
ကျေးဇူးတင်လိုက်တာ- အစ္စလာမ်ရယ်
ငြိုငြင်မိသမျှ- ခ၀ါချမိပါရဲ့။
..........

No comments: