---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, January 29, 2010

Rumi's poem

.............

ကျေးဇူးတင်တယ် ရူမီ

ရူမီရေ-
ခင်ဗျားကို
အစ္စလာမ့်ရောင်ခြည်မှာ တွေ့လိုက်တော့-
ကျွန်တော်- ပျော်သွားမိတယ်။
ဟိုး၊ ငယ်ငယ်-----
ရသကဗျာများ ကျွန်တော်- လိုက်စားတော့
ခင်ဗျားရေးတဲ့- ရူဘိုင်ယတ် ကဗျာများ၊
ကျွန်တော့-ရင်ကို ဖမ်းစားခဲ့။
ကျွန်တော်ဟာ--ခင်ဗျားကဗျာထဲက
ဇတ်ကောင် တစ်ခုရယ်ပါ။
အဖေါ်မဲ့တဲ့ ညများ
ခင်ဗျားရဲ့ စာသားတွေကို
ဖရ်စီလို ကျွန်တော် ညီးတွားခဲ့တာ---
ဒီနေ့ထိပါပဲ။
အထူးသဖြင့်- ခင်ဗျားက ခင်ဗျားရဲ့ ဆရာကို တမ်းလို့၊
ကျွန်တော်က- ကျွန်တော့ရဲ့ ဆရာကို လွမ်းလို့ပေါ့။

(ကိုဌေးလွင်ဦး - Islam Myanmar)

No comments: