---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Sunday, August 14, 2011

အသစ်ထပ်မံရရှိသော ဟဂ်ျခရီးခွဲတမ်း ၁၂၀၀

အသစ်ထပ်မံရရှိသော ဟဂ်ျခရီးခွဲတမ်း ၁၂၀၀ အတွက် ဟဂ်ျခရီးသွားအကျိုးဆောင်လုပ်ငန်းကုမ္ပဏီများ

ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဟဂ်ျဝန်ကြီးဌာနသို့ လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
...သာသနာရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)
ကြေညာချက်(၃/၂၀၁၁)
နေပြည်တော်၊ ၁၃၇၃ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်
(၂၀၁၁ခုနှစ်၊ ဇွန်လ ၂၃ရက်)

၁။ သာသနာရေးဝန်ကြီးဌာနအပါအဝင် မူလဟဂ်ျအကျိုးဆောင်လုပ်ငန်းကုမ္ပ​ဏီများအတွက် ဟဂ်ျခွဲတမ်း ၃၈၀၀ ရရှိခဲ့ရာမှ ၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံသားဟာဂျီလောင်းများသွားရောက်ရန် ဟဂ်ျခွဲတမ်း ၅၀၀၀ အထိတိုးမြှင့်ပေးမည်ဖြစ်သောကြော​င့် ယခုနှစ်အတွက် ဟဂ်ျခွဲတမ်း ၁၂၀၀ ပိုမိုရရှိမည်ဖြစ်ပါသည်။

၂။ ထို့ကြောင့် ၂၀၁၁ခုနှစ်၊ ဟဂ်ျဘုရားဖူးရာသီအတွက် ပိုမိုရရှိထားသော ဟဂ်ျခွဲတမ်း ၁၂၀၀ ကို မြန်မာနိုင်ငံရှိ မည်သည့်ဟဂ်ျခရီးသွားလုပ်ငန်းကုမ္ပဏီများမဆို အရေအတွက်ကန့်သတ်ချက်မရှိ ဆော်ဒီ အာရေးဗီးယားနိုင်ငံ၊ ဟဂ်ျဝန်ကြီးဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီး လျှောက်ထားမည့် ခရီးသွား ကုမ္ပဏီများအနေဖြင့် ဟာဂျီများခေါ်ဆောင်ခွင့်ပြုမိန့်​ကဒ်(မိုနာဇင်)ရရှိရေးကိုလည်း တစ်ပါတည်းရယူ ဆောင်ရွက်ရန်လိုအပ်ပါသည်။
၃။ သို့ဖြစ်ပါ၍ အသစ်ထပ်မံရရှိသောဟဂ်ျခွဲတမ်း ၁၂၀၀ အတွက်လျှောက်ထားလိုသော မည်သည့် ဟဂ်ျခရီးသွားကုမ္ပဏီများမဆို အရေအတွက်ကန့်သတ်ချက်မရှိ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဟဂ်ျ ဝန်ကြီးဌာနသို့ ဟဂ်ျသွားရောက်ရမည့်အချိန်ကာလအမီ​ အချိန်တွက်ချက်၍ လျှောက်လွှာများပေးပို့ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

Ref : Myanmar Religious Affairs, Myanmar Religious, Affairs

ပို့စ်တင်သူ IYS ဝိုင်းတော်သား Sister Salma Lwin အားကျေးဇူးတင်ပါသည်။
Ref : Islam Yaungche Society (IYS) Group

No comments: