---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Tuesday, August 16, 2011

ဒိုအာတောင်းဆုတော်အဖြာဖြာ

(၁)မြင့်မြတ်သော သေခြင်းတရားရရှိရန်ကျင့်စဉ်
အကြင်သူသည် အောက်ပါတောင်းဆုတော်အား နေ့စဉ်များစွာရွတ်ဖတ်လျှင် ဒီန်းသာသနာအပေါ် တည်တံ့နိုင်စွမ်းရရှိပြီး မြင့်မြတ်သောသေခြင်းတရားရရှိမည်။ ( မစ်ရှ်ကားသ်)

ယင်းဒိုအာမှာ-
“ ယာဟိုင်ယု ယာကိုင်ယူမု ဗိရဟ်မသိက အပ်စ်သဂီဆု”

(၂)တောင်းဆိုမှုများ လက်ခံကဗူးလ်ဖြစ်စေရန်
အကြင်သူသည် အောက်ပါဒိုအာကို ရွတ်ဖတ်ပြီး လိုအပ်သမျှကို တောင်းခံပါက အလ္လာဟ်အရှင်မြတ်သည် ဧကန်မုချ ၄င်း၏တောင်းဆိုမှုများကို လက်ခံပါလိမ့်မည်။ (သစ်ရ်မီဇီ)

ယင်းဒိုအာမှာ-
“ လာအိလာဟ အစ်လ္လာအန်းသ စွဗ်ဟာနက အင်န္နီကွန်းသု မိနပ်ဇ်ဇွာလေမီးန်”

(၃)ဟဂ်ျနှင့် ရည်ရွယ်ချက်များပြည့်မြောက်စေရန်
အကြင်သူသည် အောက်ပါတောင်းဆုတော်ကို ရွတ်ဖတ်နေလေ့ရှိသော် ဟဂ်ျနှင့် မိမိ၏ရည်ရွယ်ချက်များအားလုံး
ပြည့်မြောက်မှု ရရှိပေမည်။

ယင်းဒိုအာမှာ-
“ လာအိလာဟ အစ်လ္လလ္လာဟွလ် ဖသ်သာဟွလ် အလီမွလ် ကရီဗွလ် မန္နားန်”

(၄)ရောဂါပေါင်း(၉၉)ပါး၏ဆေး
အကြင်သူသည် အောက်ပါကလေမာဟ်တော်အား နေ့စဉ်ကြိမ်ဖန်များစွာ ရွတ်ဆိုနေလေ့ရှိသော် လောကီနှင့်တမလွန်ဆိုင်ရာ ရောဂါပေါင်း(၉၉)ပါး၏ ဆေးသဖွယ်ဖြစ်မည်။(မစ်ရှ်ကာသ်ကျမ်း)

ယင်းဒိုအာမှာ-
“လာဟောင်လ ၀လာကုဝသ အစ်လ္လာဗစ်လ္လာဟ်”

(၅)အီမာန်နှင့်တကွ ကွယ်လွန်နိုင်စေရန်
အကြင်သူသည် အောက်ပါဒိုအာကို နမာဇ်ဝတ်ပြုပြီးတိုင်း အလေ့အထပြု ဖတ်ရွတ်လေ့ရှိသော် အင်ရှာအလ္လာဟ် အီမာန်နှင့်တကွ ကွယ်လွန်နိုင်ပေမည်။

ယင်းဒိုအာမှာ-
“ရဗ္ဗနာ လာသုဇစ်ဂ် ကုလူဗနာ ဗအ်ဒ အစ်ဇ်ဟဒိုင်သနာ ၀ဟဗ်လနာ မိလ်လ္လဒွန်က ရဟ်မသာန် အင်န္နက အန်းသလ်ဝဟ်ဟာဗ်”


(၆)ဂျဟန္နမ်ငရဲမှ လွတ်မြောက်ရန်
အောက်ပါတောင်းဆုတော်အား ဖရဇ်သ်ဆွလာသ် ၀တ်ပြုပြီးတိုင်း (၇)ကြိမ်စီရွတ်ဖတ်ခဲ့သော် အင်ရှာအလ္လာဟ် အလ္လာအရှင်မြတ်သည် ထိုသူ့အား ဂျဟန္နမ်ငရဲမှ လွတ်ကင်းစေတော်မူမည်။

“ အလ္လာဟွမ္မ အဂျီရ်နီ မိနန်းနာရ်”
.
ပို့စ်တင်သူ IYS ဝိုင်းတော်သား Sister Jasmine Shafee အားကျေးဇူးတင်ပါသည်။
Ref : Islam Yaungche Society (IYS) Group

No comments: