


The following is from Michael Hart's book and lists Prophet Muhammad as the most influential man in History. A Citadel Press Book, published by Carol Publishing Group
Ranking, list of 100 most influential persons in history:
Muhammad was the soul of kindness, and his influence was felt and never forgotten by those around him.
Copy from http://www.amaana.org/ismailim.htmlဦးအောင်ဇေယျသည် ၁၇၅၉-ခုတွင် ယိုးဒယားသို့ စစ်မထွက်မီ တိုတောင်းလှသောကာလ၌ သာသနာ့ဂိုဏ်းကွဲများ ပေါ်ပေါက်သည်ကို ဖြေရှင်းခဲ့သည်။ ၀ိနည်းတော်နှင့်အညီ ရဟန်းတော်များကို ကျင့်သုံးစေသည်။ ၀ိနည်းတော်ကို မရိုမသေ မလိုက်နာသူတို့အား ဒဏ်ခတ်စေရန် မဟာဒါန်ဝန် ခန့်အပ်သည်။ ၁၇၅၉-ခုနှစ်တွင် သာသနာတော်သန့်ရှင်းရေးအား တာဝန်ယူဆောင်ရွက်ရသောကြောင့် ကိုးကွယ်မှုအမျိုးမျိုးအား သန့်ရှင်းစေခဲ့ရာ ပသီမွတ်စ်လင်မ် တို့၏ ဓလေ့ထုံးတမ်းအား မေးမြန်းစဉ် ဂေါဝိန္ဒပုဏ္ဏား၏ လျှောက်တင်မှုအရ ပသီမွတ်စ်လင်မ် တို့အား ဆင့်ခေါ်တော်မူပြီး စစ်ဆေးမေးမြန်းခဲ့သည်တွင် သာသနာ့ယုံကြည်ချက်အား လျှောက်ထားခဲ့ကြသည်။
ဂေါဝိန္ဒပုဏ္ဏားစကားနှင့် ညီညွတ်သည်ဟု မင်းတရားကြီးထင်မှတ်တော်မူပြီး ဆရာကြီး(၄)ပါးအား အယူလွဲမှားနေသည်။ တရားဒေသနာတော် ဟောကြားပြုပြင်ရန် အချုပ်အာဏာသားတို့လက်သို့ လွှဲအပ် ခဲ့သည်။
မလိုက်နာငြင်းဆန်က စီရင်ရန် အမိန့်ချမှတ်တော်မူခဲ့သည်။ ဆရာကြီး(၄)ပါးတို့မှာ နောက်သားမြေးတို့အရေးမြော်တွေြး
ထိုအချိန်တွင် ဥပ္ပါပျံ၊ တော်လဲ၊ ငလျင်လှုပ်၊ မှောင်ကြီးကျပြီး ကုန်းဘောင် ရွှေပြည်တွင် မိုးကြိုး(၁၃)ချက် တစ်ပြိုင်တည်းပစ်ခတ်သည်။ ဤနမိတ်အား ဘုရင်မင်းမြတ်မှ နက္ခတ်ဗေဒင်ပညာကျော် များအား ခေါ်ယူမေးမြန်းတော်မူရာ လူမျိုးတစ်ရာ့တစ်ပါးတို့တွင် မည်သည့်လူမျိုးဘာသာ ယုံကြည်မှုကိုမှ ညှဉ်းပန်းနှိပ်စက်၊ မပယ်ဖျက်သင့်ကြောင်း၊ ယခုအဖြစ်အပျက်မှာ တစ်ရာ့တစ်ပါးသော လူမျိုးမှ သူတော်စင်တို့ သွေးမြေကျ၍ ဤသို့ အတိတ်နမိတ်ကြီးများပြပါသည်။ (၃)နှစ်မိုးခေါင်ရန် ကိန်းရှိပါကြောင်း ပညာရှိများမှ လျှောက်တင်ကြသည်။
ဘုရင်မင်းမြတ်မှ ဆရာကြီး(၄)ပါး အခြေအနေ၊ ကျွန်ယုံတော်များအားမေးတော်မူရာ ဆရာကြီးတို့ မချေမငံပြု၍ လက်လွန်သွားကြောင်း သံတော်ဦးတင်ရာ အသင်တို့ မိုက်မဲလေစွတကားဟု အပြစ်တော် တင်ကာ မလိုတမာကုန်းချောသည့် လက်သုံးတော် ၀င်္ကပုဏ္ဏားအား ထောင်သွင်း၍ အကျဉ်းထားစေ အမိန့်တော်သတ်မှတ်ပြီး ဆရာကြီး(၄)ပါး ခန္ဓာဝန်ချရာနေရာသို့ သွားရောက်ကြည့်ရှုရာ ခြတောင်ပို့(၄)လုံး ဖြစ်နေသည်ကိုမြင်တော်မူလျှင် အမှန်ပင်သူတော်စင်များပါတကားဟု ယူကျုံးမရဖြစ်ကာ ၎င်းနေရာကို မင်းမှုထမ်းများအား သဲဖြူခင်း၊ ရာဇမတ်ကာပြီး ရွှေထီး(၄)လက်မိုး၍ အစောင့်ထားရန် အမိန့်တော် သတ်မှတ်ခဲ့သည်။ နန်းတော်သို့ပြန်ပြီး ၀င်္ကပုဏ္ဏားမိုက်အား သတ်စေရန် အမိန့်ချကာ သုံးထောင်ခုနှစ်ရာ ဆရာကြီးမျိုးနွယ်များကို ဆင့်ခေါ်ပြီး မလိုတမာကုန်းချောစကားကြောင့် ယူကျုံးမရဖြစ်ရကြောင်း ဆရာကြီး(၄)ပါးကိုရည်စူး၍ ၀တ်ကျောင်းတော်လေးဆောင်လှူဒါန်း
ရှကျရတွလ်အီမံကျမ်းလာ သခင်ကြီး(၄)ပါးအကြောင်း
မြန်မာဘုရင်ကို တင်သွင်းလွှာ (၁၂၄၅-ခုနှစ်၊ တော်သလင်းလ)
ဘုရားကျွန်တော် မြေဒူးမြို့နေ သင်္ဘောဘလီဝင်၊ တကာကြီးငယ်တို့နှင့် ပသီကျောင်းထိုင် ဆရာမို့ဟရစ်ဒင် ရွှေဘ၀ါးတော်အောက် ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား ။
အင်းဝမင်းဆက် စနေမင်းလက်ထက် မြန်မာသက္ကရာဇ် (၉၀၀)ကျော်က မွတ်စ်လင်မ်လူပေါင်း သုံးထောင်ခွန်နှစ်ရာတို့သည် ကာသီရွှေဝါ၊ ကာသီရွှေဒုံး၊ ကာသီပန်းဝါ၊ ကာသီမြတ်ကြာ မင်နာနုရပ်၊ မင်းန၀ါဟရပ်၊ မင်းသီဟရပ်၊ မင်းနေမျိုးဂုဏ္ဏရတ်တို့နှင့် ၀င်စားလာရောက်ရာ စားမြဲ နေမြဲ ပေးချသနားတော်မူပြီးလျှင် ရွှေချမှန်စီ ပလီ(၄)လုံး မြေဒူးမြို့အတွင်း တည်လုပ်သနားတော်မြတ်ခံရ၍ ကျမ်းဂန်နှင့်အညီ ကျင့်ဆောင်နေထိုင်ကြသည်နောက် ယခု ဘုရင်မင်းမြတ်ဘေးတော် အလောင်းမင်းတရားကြီးလက်ထက် မွတ်စ်လင်မ်လူမျိုးတို့ကို မမြင်ဘူးသည်နှင့် အပါးတော်တွင် ကျွန်ယုံ ပုဏ္ဏား ဂေါဝိန္ဒကိ မေးတော်မူရာ ဂေါဝိန္ဒပုဏ္ဏားက ၎င်းလူမျိုးတို့သည် ကြက်ငှက်ကျွဲနွားတို့ကို အရှင်လတ်လတ် လှီးဖြတ်သစား၊ အယူမှားသောသူ လူမျိုးဖြစ်ပါသောကြောင့် ဟင်ဒွတ်စတံဒလင်လိ (ဒေလီ)ဗာရာဏသီမြို့များက နှင်ထုတ်လိုက်သောသူများဖြစ်ပြါေ
(မြေဒူးရှိုက်မိုဟ်ယစ်ဒီန် (ခ) ဦးရွှေတောင်ရေး ရှဂျရတွလ်အီမံကျမ်းနှင့် ဖွသာအေ့အလွတ်ရှဟူရ်ကျမ်း၊ ၂-ကျမ်းတွဲ စာ ၁၆၇-၁၆၉)
ရွှေတိဂုံဘုရား အလှူခံပုံး ကန်ထရိုက်မပေးဟု | |
ရွှေတိဂုံဘုရားအလှူခံပုံးများအား တနှစ်လျှင် သိန်းငါးထောင်ဖြင့် ဘာသာခြားတဦးပိုင် ကုမ္ပဏီတခုသို့ ကန်ထရိုက်ပေးထားသည်ဆိုသည်ဟု ပြောဆိုရေးသားနေခြင်းမှာ မှန်ကန်မှုမရှိကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ ငြင်းဆိုလိုက်သည်။ ရွှေတိဂုံဘုရားအလှူငွေများကို ဘာသာခြားလုပ်ငန်းရှင်တဦးအား ကန်ထရိုက်ပေးထားသည်ဆိုသည့် ရေရာမှုမရှိသည့် အင်တာနက်တွင် ဖြန့်နေသည့် ကောလာဟလ သတင်းနှင့် ပတ်သက်ပြီး ရွှေတိဂုံဘုရား ဂေါပကအဖွဲ့သို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ဂေါပကအထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ "ကျနော်အတွင်းရေးမှူးပါ။ အတိအလင်းပြောပါတယ်။ ဒါမျိုးလုပ်လည်း မလုပ်ပါဘူး။ လုပ်လည်း မလုပ်အပ်ပါဘူး။ ဒီလုပ်ငန်းစဉ်တွေကို ကိုယ်တိုင်ကြည့်ချင်တယ်ဆိုလည်း လာကြည့်လို့ရပါတယ်။ နေ့စဉ်နေ့တိုင်း ဘယ်လောက်ရတယ်။ ဘယ်လိုအပ်တယ်ဆိုတာက လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရတာ တွေလေ။ ဘယ်သူပဲဖြစ်ဖြစ် သိချင်ရင် တရားဝင်မေးလိုက်ပါ" ဟု ဦးဝင်းကြိုင်က ပြောသည်။ အင်တာနက်ပေါ်တွင် အမည်မသိ အမျိုးသမီးတဦးအသွင်ဖြင့် ရွှေတိဂုံဘုရားအား ပြည်သူများ အလှူငွေမထည့်ချင်အောင် ရေးသားဝါဒဖြန့်မှုနှင့် ပတ်သက်ပြီး ရန်ကုန် ဆရာတော်တပါးအား လျှောက်ထားရာ ရွှေတိဂုံဘုရားတွင် ရွှေဆိုင်း၊ ဓာတ်ပုံ၊ ကားရပ်နားကွင်း၊ စားသောက်ဆိုင်၊ ဖိနပ်လက်ခံဌာန၊ အိမ်သာ စသည့်လုပ်ငန်းများကိုသာ တနှစ်စာကန်ထရိုက်ပေး လုပ်ကိုင်စေကြာင်း၊ အလှူခံပုံးများမှ တရက်တာရရှိသော အလှူငွေများကိုလည်း ညနေသိမ်း၊ မနက်ရေတွက် ဘဏ်အပ်စနစ်ဖြင့် လုပ်ကိုင်နေပါကြောင်း ဂေါပက အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆက်ရှင်းပြသည်။ နိုင်ငံခြားသား ၀င်ရောက်မှုမှရရှိသော နိုင်ငံခြားငွေများကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု Special thanks to Vitoria Million. |