---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, February 20, 2009

စူရသုရ် ဟာမီမ် (စဂ်ျဒဟ်ကဏ္ဍ) - Creation of Universe

سورة فصلت

بِسْمِ اللَّهِ الرَّحْمَـٰنِ الرَّحِيمِ
(ဗစ်စ် မစ်လ္လာ၊ ဟစ်ရ် ရဟ်မာ၊ နစ်ရ်-ရဟီးမ်။)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အသျှင်မြတ်၏နာမံတော် ဖြင့်အစပြုပါ၏။

قُلْ أَئِنَّكُمْ لَتَكْفُرُونَ بِالَّذِي خَلَقَ الْأَرْضَ فِي يَوْمَيْنِ وَتَجْعَلُونَ لَهُ أَندَادًا ۚ ذَ‌ٰلِكَ رَبُّ الْعَالَمِينَ
(အို-နဗီတမန်တော်) အသင်သည်၎င်းတို့အားပြောကြားပါလေ၊
အချင်းတို့ အသင်တို့သည် ကမ္ဘာမြေကို နှစ်ရက် နှင့်ဖန်ဆင်းတော်မူခဲ့သောအသျှင်မြတ်အား သွေဖယ်ငြင်းပယ်လေသလော။ ထိုမှတစ်ပါးအသင်တို့သည် အသျှင်မြတ်နှင့် ဂုဏ်ရည်တူများကို ပြုလုပ်ထားကြလေသလော။ ထိုအသျှင်မြတ်သည်ပင် စကြဝဠာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အသျှင်မြတ်ဖြစ်တော်မူ၏။ (ကုရ်အာန် ၄၁: ၉)

وَجَعَلَ فِيهَا رَوَاسِيَ مِن فَوْقِهَا وَبَارَكَ فِيهَا وَقَدَّرَ فِيهَا أَقْوَاتَهَا فِي أَرْبَعَةِ أَيَّامٍ سَوَاءً لِّلسَّائِلِينَ
၎င်းပြင်ထိုအသျှင်မြတ်သည် ယင်းပထဝီမြေဝယ် တည်ငြိမ်ကြံ့ခိုင်သော
တောင်များကို ယင်းပထဝီမြေ၏ထက်ဝယ်ပြုလုပ်ထားတော်မူ၏။
၎င်းပြင်ယင်းပထဝီမြေ၌ အကျိုးကျေးဇူးများကို ပွါးများစေတော်မူခဲ့၏။ ထိုမှတပါး ယင်းပထဝီမြေ၌ပင် ၎င်းမှထွက်သောအစာအဟာရများကို တိုင်းတာချင့်ချိန် သတ်မှတ်ထားတော်မူခဲ့၏။ (ယင်းအမှုကိစ္စအလုံးစုံတို့မှာ (လေးရက်နှင့်ပြီးမြောက်ခဲ့၏)။ ဤသည်မေးမြန်းသူတို့အဖို့ ညီမျှ(သောအဖြေ) ဖြစ်၏။ (ကုရ်အာန် ၄၁: ၁၀)

ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ وَهِيَ دُخَانٌ فَقَالَ لَهَا وَلِلْأَرْضِ ائْتِيَا طَوْعًا أَوْ كَرْهًا قَالَتَا أَتَيْنَا طَائِعِينَ
ထိုနောက် ထိုအသျှင်မြတ်သည် မိုးကောင်းကင်ဘက်သို့ လှဲ့တော်မူခဲ့၏။ ထိုအချိန်တွင်ယင်းမိုးကောင်းကင်သည် မီးခိုးအခိုးအငွေ့သာ ဖြစ်နေခဲ့၏။ ထိုအခါ အသျှင်မြတ်သည် ယင်းမိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ အသင်တို့ကျေနပ်စွာဖြစ်စေ၊ မကျေနပ်ပဲဖြစ်စေလာ ကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ ယင်းမိုးကောင်းကင်နှင့် ပထဝီမြေတို့က ကျွန်တော်မျိုးတို့သည်ကျေနပ်စွာလာခဲ့ကြပါပြီဟု လျှောက်ထားခဲ့ကြလေ၏။ (ကုရ်အာန် ၄၁: ၁၁)

فَقَضَاهُنَّ سَبْعَ سَمَاوَاتٍ فِي يَوْمَيْنِ وَأَوْحَىٰ فِي كُلِّ سَمَاءٍ أَمْرَهَا ۚ وَزَيَّنَّا السَّمَاءَ الدُّنْيَا بِمَصَابِيحَ وَحِفْظًا ۚ ذَ‌ٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ
ထိုနောက် ထိုအသျှင်မြတ်သည် ယင်းမိုးကောင်းကင်ကို နှစ်ရက်နှင့် မိုးခုနစ်ထပ်ပြုလုပ်တော်မူခဲ့၏။ ထိုမှတပါး မိုးကောင်းကင်အသီးသီး၌ ၎င်းနှင့်သက်ဆိုင် သင့်မြတ်သော အမိန့်တော်ကိုထုတ်ပြန်တော်မူခဲ့၏။ ထို့ပြင်တစ်ဝ ငါအသျှင်မြတ်သည် အနီးဆုံး (ဖြစ်သော အောက်ဆုံး) မိုးထပ်ကို ကြယ်နက္ခတ်ဖြင့် တင့်တယ်စွာ တန်ဆာဆင်ယင်တော်မူခဲ့၏။ ထိန်းသိမ်းတော်မူခဲ့၏။ ဤသည်အလွန်တရာ နိုင်နင်း လွှမ်းမိုးတော်မူသော၊ အကြွင်းမဲ့သိတော်မူသော အသျှင်မြတ်၏ စီမံခန့်ခွဲသတ်မှတ် ပြဌာန်းခြင်းပေဖြစ်ပေသတည်း။
(ကုရ်အာန် ၄၁: ၁၂)

အကျယ်တဝင့်ရှင်းပြချက်
အလ္လာဟ်အသျှင်မြတ်သည် ဤကမ္ဘာမြေကြီးကို နှစ်ရက်နှင့်ဖန်ဆင်းတော်မူခဲ့၏။ ကမ္ဘာမြေကြီး မယိမ်းယိုင်ရန် အတွက်၎င်းအပေါ်တွင် တောင်ကြီးများကို(ကျောက်ဆူးများအဖြစ်)တည်ထားတော်မူသည်။ လူသားတို့အကျိုးငှါ ဓါတ်သတ္တုအမျိုးမျိုး၊ သစ်ပင်အစားစား၊ သစ်သီးဝလံအပြားပြား၊ တိရစ္ဆာန်အစုံစုံတို့ကိုလည်း ဖြစ်ပွါးစေတော်မူသည်။ လူသားတို့မှီဝဲစားသုံးနိုင်ကြရန် အလို့ငှါအစာအဟာရများကိုလည်းစနစ်တကျ စီမံထားတော်မူသည်။

ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူရာတွင် နှစ်ရက်၊ ကမ္ဘာမြေကြီး ဆက်စပ်လျက်ရှိသည်များကို ဖန်ဆင်းတော်မူရာတွင် နှစ်ရက်၊ လေးရက်ကြာခဲ့သည်။
ထိုနောက် ထိုအသျှင်မြတ်သည် မိုးကောင်းကင်ဘက်သို့လှဲ့တော်မူခဲ့သည်။ ထိုအချိန်တွင် မိုးကောင်းကင်သည် အခိုးအငွေ့သာ ဖြစ်ရှိနေခဲ့လေသည်။ ထိုအသျှင်မြတ်သည် နှစ်ရက်နှင့် မိုးကောင်းကင်ခုနစ်ထပ်ကို ဖန်ဆင်းတော် မူသည်။

မိုးကောင်းကင်တိုင်း၌ သက်ဆိုင်ရာ အမိန့်တော်များကိုလည်း ထုတ်ပြန်တော်မူခဲ့သည်။ ထို့ပြင်တဝဤ ကမ္ဘာမြေကြီး၏အနီးစပ်ဆုံးဖြစ်သော မိုးကောင်းကင်ကို ကြယ်၊ နက္ခတ်တို့ဖြင့်လှပတင့်တယ် ရှူချင်စဖွယ် တန်ဆာဆင်ယင်ထားတော်မူသည်။ ကျွန်ုပ်တို့တွေ့မြင်နေကြရသော မိုး၊ မြေနှင့်တကွကမ္ဘာ့တန်ဆာပလာများမှာ အလ္လာအသျှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများသာလျှင်ဖြစ်သည်။ အလ္လာဟ်အသျှင်မြတ်သည် မိုး၊ မြေနှင့်တကွစကြဝဠာအဝန်းကို ဖန်ဆင်းတော်မူသော ပြုစုပျိုးထောင်ပေးတော်မူသော စီမံကွပ်ကွဲတော်မူသော၊ စိုးပိုင်တော်မူသော တစ်ဆူတည်းသောအသျှင်သခင်ဖြစ်တော်မူသည်။

Click on the pictures for bigger and clear.




Antares is the 15th brightest star in the sky. It is more than 1000 lights years away.
Now how big are you?


Special Thanks to U Aung Tin for the galaxies pictures.

Science and Quran proof.


Scientist comment on the Quran.


Professor : Yoshihide Kozai
I am very much impressed by finding true astronomical fact in the Quran and for us the modern astronomers has been studying very small pieces of the Universe. We've concentrated our efforts for understanding of a very small part. Because by using telescope, we can see only very few parts of the sky without thinking about the whole Universe.
So by reading the Quran and by answering the questions, I think I can find my future way for investigation of the Universe.

No comments: