---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Tuesday, February 10, 2009

စူရာသုရ် မုအ်မင်န် (ယုံကြည်သူများကဏ္ဍ)


بِسْمِ اللَّهِ الرَّحْمَـٰنِ الرَّحِيمِ
(ဗစ်စ် မစ်လ္လာ၊ ဟစ်ရ် ရဟ်မာ၊ နစ်ရ်-ရဟီးမ်။)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အသျှင်မြတ်၏နာမံတော် ဖြင့်အစပြုပါ၏။

وَلَقَدْ خَلَقْنَا الْإِنسَانَ مِن سُلَالَةٍ مِّن طِينٍ
မချွတ်မလွဲ ငါအသျှင်မြတ်သည် လူသားကို ရွှံ့မြေ၏ အဆီအနှစ်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။ (ကုရ်အာန် ၂၃ : ၁၂)

ثُمَّ جَعَلْنَاهُ نُطْفَةً فِي قَرَارٍ مَّكِينٍ
ထို့နောက်ငါအသျှင်မြတ်သည် ထိုလူသား (၏အဆက်အနွယ်) ကို လုံခြုံ သောနေရာတစ်ခု (သားအိမ်တွင်း) ၌ ကာလလရေကြည် ဖြစ်စေတော်မူခဲ့၏။ (ကုရ်အာန် ၂၃ : ၁၃)


ثُمَّ خَلَقْنَا النُّطْفَةَ عَلَقَةً فَخَلَقْنَا الْعَلَقَةَ مُضْغَةً فَخَلَقْنَا الْمُضْغَةَ عِظَامًا فَكَسَوْنَا الْعِظَامَ لَحْمًا ثُمَّ أَنشَأْنَاهُ خَلْقًا آخَرَ ۚ فَتَبَارَكَ اللَّهُ أَحْسَنُ الْخَالِقِينَ
ထို့နောက်ငါအသျှင်မြတ်သည် ထို ကာလလရေကြည်ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန်ငါအသျှင်မြတ်သည် ယင်းသွေးခဲကို အသားတုံးအဖြစ်ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန်ငါအသျှင်မြတ်သည် ယင်းအသားတုံးကို အရိုးများအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ ထို့နောက်ငါအသျှင်မြတ်သည် ထိုအရိုးများကို အသားဖြင့်တန်ဆာဆင်မြန်းပေးတော်မူခဲ့၏။ ထို့နောက်ငါအသျှင်မြတ်သည် ယင်း (အသားဖြင့်ဆင်မြန်းပြီးဖြစ်သောအရိုးများကို) အခြားဖန်ဆင်းအပ်သော အရာတစ်ခုအဖြစ် ဖြစ်ပေါ်လာစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်အသျှင်မြတ်သည် အဘယ်မျှထူးကဲမြင့်မြတ်လှဘိပါသနည်း။ (ကုရ်အာန် ၂၃ : ၁၄)

လူသားဖြစ်စဉ်
လူသား၏ဖြစ်စဉ်ကိုစဉ်းးစားဆင်ခြင်ပါက အလ္လာဟ်သျှင်မြတ်၏ တန်ခိုးတော်အနန္တကို သိမြင်နိုင်ပေသည်။ လူသား၏ဖြစ်စဉ်ကိုနက်နက်နဲနဲ စဉ်းးစားဆင်ခြင်လေလေ အလ္လာဟ်သျှင်မြတ်၏အံ့မဆုံးသော တန်ခိုးတော်ကိုတွေ့ရလေလေဖြစ်သည်။ လူသား၏ပုံပန်းသဏ္ဌန်ကား အချိုးအစားကျလှ၏။ ပြေပြစ်လှ၏။ အပြစ်ဟူ၍စိုးစဉ်းမျှမရှိ။ လိုလေသေးသောအရာဟူ၍လည်းတစ်စုံတစ်ရာမှမရှိ။

ဤမျှထူးဆန်းအံ့ဩဖွယ်ရာလူသားသည် အိမ်တွင်းဖြစ်ပစ္စည်းလော၊ အလျှင်းမဟုတ်။ လူသားသည်မိမိ ကိုယ်ကိုမိမိပိုင်ဆိုင်လေသလော၊ အလျှင်းမဟုတ်။ လူသားသည်မိမိကိုယ်ကို ပြုလုပ်ဖန်ဆင်းနိုင်သလော၊ အလျှင်းမဟုတ်။ လူသားသည်မိမိကိုယ်ကို သေခြင်းတရားမှ လွတ်မြောက် စေနိုင်ပါသလော၊ အလျှင်းမဟုတ်။ အမှန်မှာ လူသားသည် အလ္လာဟ်သျှင်မြတ်၏ အဖန်ဆင်းခံသက်သက်သာဖြစ်သည်။

ထိုအသျှင်မြတ်၏ လက်တော်တွင်း၌သာရှိနေပေသည်။ ထိုအသျှင်မြတ်၏လူသား၌ မိမိအလိုတော်အတိုင်းခြယ်လှယ်တော်မူသည်။ ထိုအသျှင်မြတ်သည်ဤ သည့်လူသားအား အကြောင်းမဲ့ ဖန်ဆင်းထားတော်မူသည်မဟုတ်ပေ။ ထိုအသျှင်မြတ်သည်လူသားအား စတင်ဖန်ဆင်းတော်မူသကဲ့သို့ သေစေတော်မူမည်။ ထို့နောက် တဖန်ရှင်ပြန်ထစေတော်မူဦးမည်။

လူသား၌ လျှို့ဝှက်ထားသည့် စွမ်းရည်သတ္တိများ အမြောက်အများ ရှိနေပေသေးသည်။ ထိုသည့်စွမ်းရည်သတ္တိများ သည်ပေါ်လွင်ထင်ရှားရဦးမည်။ ထို့ပြင်တဝ လူသားအသက်ရှင်နေစဉ် ကျင့်မူခဲ့သောအရာများနှင့် စပ်လျင်း၍ ကောင်းကျိုး၊ ဆိုးကျိုးများကို ပေးတော်မူဦးမည်ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်ပြီး ကုရ်အာန် ၂:၂၅ ၏အဖွင့်တွင် အကျယ်ရေးသားခဲ့လေပြီ။ ပြန်လည်ရှူပါကုန်။

A proof from the Scientist.

No comments: