---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Thursday, March 5, 2009

တမန်တော်မြတ်မိုဟာမ္မတ် (ဆွ) ၏အရွယ်ရောက်ပြီးသော အာအေရှာသခင်မ နှင့်ထိမ်းမြားလက်ထပ်ခဲ့သော သက်သေများ

.
သက်သေး အာအေရှာသခင်မ၏အသက်နှင့် သခင်မအစ်မတော် အတ်စ်မာ၏အသက် ဆက်စပ်မှု...

သက်သေ 1 အဗ်ဒါရ်ရာမန်အိုင်ဘီအန်ဇနဒ်သက်သေအရ.. အတ်စ်မာသည် အာအေရှာသခင်မ၏အသက်ထက် ၁၀နှစ် ကြီးပေသည်..

သက်သေ 2 အိုင်ဘီအန်ကဒီလ်သက်သေအရ.. သူမ (အတ်စ်မာ)သည် သူမ၏ ညီမတော် (အာအေရှာသခင်မ) ထက် ၁၀နှစ် ကြီးပေသည်..

သက်သေ 3 အိုင်ဘီအန် ဟဂျာ အလ်-အကစ်ကလန်နီသက်သေအရ.. အတ်စ်မာသည် အသက်၁၀၀ကျော်အထိ နေထိုင်ခဲ့ပြီး အေအိတ်ခ်ျ ၇၃ သို့ ၇၄တွင် သေဆုံးခဲ့လေသည်..

သမိုင်းပညာရှင်များအားလုံးနီးပါးအဆိုအရ အာအေရှာသခင်မ၏အစ်မဖြစ်သူ အတ်စ်မာသည် အာအေရှာသခင်မထက် ၁၀နှစ်ကြီးလေသည်..

အတ်စ်မာသည် အေအိတ်ခ်ျ ၇၃ တွင် အသက် ၁၀၀ ရှိမည်ဆိုပါက သူမ (အတ်စ်မာ) လက်ထပ်ချိန်တွင် အသက် ၂၇ သို့ ၂၈ ရောက်ရှိနေရပေမည်..

အတ်စ်မာ လက်ထပ်ချိန်တွင် အသက် ၂၇ သို့ ၂၈ ရှိမည်ဆိုပါက.. အာအေရှာသခင်မသည် အသက် ၁၇ သို့ ၁၈ ရောက်ရှိ နေပေမည်..

ထို့ကြောင့် အာအေရှာသခင်မ လက်ထပ်ချိန်တွင် အသက် ၁၇ သို့ ၁၈ နှစ်ရှိပေမည်... အာအေရှာသခင်မ သည် တမန်တော်မြတ်(ဆွ)နှင့် စတင်နေထိုင်ချိန်တွင် အသက် ၁၉ မှ ၂၀ အတွင်း ရှိပေမည်..

သက်သေ ဟဂျာ အိုင်ဘီအန် ကဒါလ် နှင့် အက်ဗ်ဒါလ်ရာမာန် အိုင်ဘီအန် အဘီ ဇနက်ဒ်တို့ပေါ် အခြေခံလျှင် အာအေရှာသခင်မသည် တမန်တော်မြတ်(ဆွ)နှင့် စတင်နေထိုင်ချိန်တွင် သူမ၏အသက် ၁၉ သို့ ၂၀ ရှိပေလိမ့်မည်..

မှတ်ချက် : မလိုတမာမုန်းတီးသူများသည် အစ္စလာမ်သာသနာနှင့်တမန်တော်မြတ် မိုဟာမ္မတ် (ဆွ) ၏သမိုင်းကို လုပ်ကြံစော်ကား ရေးသားဖြန့်ဝေခြင်းတို့ကို စာဖတ်သူများအထူးသတိပြုကြပါရန် သတိပေးအပ်ပါတယ်။

အစ္စလာမ်သာသနာအားကာလတိုအတွင်းဖတ်ရှူလေ့လာရုံနှင့် အလွယ်တကူနားလည်နိုင်မည်မဟုတ်။ ခရစ်ယာန်ဘုန်းတော်ကြီးများနှင့်သိပ္ပံပညာရှင်များသည်ပင် အစ္စလာမ်သာသနာကိုနှစ်ရှည်လပေါင်းများစွာလေ့လာကြပြီးမှ မှန်ကန်ကြောင်းထောက်ခံခဲ့ကြလေသည်။
အစ္စလာမ်သာသနာသည်အသိပညာနှင့်စဉ်းစားတွေးခေါ်မှူအပေါ် အခြေခံ၍ပေါ်ပေါက်လာသောယုံကြည်မှူကိုဦးစားပေးသော သာသနာဖြစ်သည်။

ဘာသာပြန်ပေးသူ ညီမနန်းဝေအားအထူးပဲကျေးဇူးတင်ပါသည်။
*** ဤသက်သေအကြောင်းကိုရေးသားသူ၏ Website တွင်တစ်ချို့ဘာသာခြားများသွားရောက်ထိခိုက်မှုမပြုစေရန် Original Website link မဖော်ပြသည်ကို စာဖတ်သူများသည်းခံနားလည်ပေးကြပါရန်မေတ္တာရပ်ခံပါသည်။ ***

No comments: